ရီးရဲလ်အသင်းရဲ့ အကျော်အမော်ဟာ အဲ့ဒီ Victoria'a Secret မော်ဒယ်နဲ့ လျို့ဝှက်အစီအစဉ်အတွက် ဓာတ်ပုံအရိုက်ခံခဲ့ကြ့ပီး လူမှုကွန်ရက် စာမျက်နှာပေါ်မှာ သူတို့ရဲ့ selfie ပုံတွေကို ပရိတ်သတ်တွေအတွက် ပြန်လည် မျှဝေပေးခဲ့ကြတာပါ။
Ronaldo ဟာ ရုရှားမော်ဒယ် Irina Shayk နဲ့ နှစ်ဆန်းပိုင်းက လမ်းခွဲပြတ်စဲခဲ့သူပါ။ အခုသူနဲ့ ဓာတ်ပုံအရိုက်ခံခဲ့တဲ့ အသက် ၃၄ နှစ်အရွယ် ဘရာဇီးသူကတော့ ၂၀၀၈ ခုနှစ်တုန်းက လက်ထပ်ခဲ့ပြီး ကလေးနှစ်ယောက် အမေဖြစ်တာကြောင့် သူတို့ နှစ်ယောက်ကိုတော့ မီဒီယာတွေက ဘာထင်ကြေးမှ မပေးခဲ့ကြတာပါ။ ကလေးနှစ်ယောက် အမေဖြစ်ပေမယ့် အရွယ်တင် နုပျိုလွန်းနေတာကြောင့် အခုထက်ထိ နာမည်ကြီးနေတာပါ။
Ronaldo ဟာ မကြာသေးခင်နှစ်တွေ အတွင်းမှာ သူ့ရဲ့ဖက်ရှင် brand ဖြစ်တဲ့ CR7 ကို ဈေးကွက် တိုးချဲ့နေတာပါ။ သူဟာ အရင်တုန်းကတော့ Armani အဝတ်အစားတွေ အတွက်လည်း မော်ဒယ် လုပ်ပေးခဲ့ပေမယ့် အခုအချိန်မှာတော့ မလုပ်ကိုင်တော့ပဲ သူ့ brand အတွက်သာ ဇောက်ချ လုပ်ကိုင်နေတာပါ။
တွစ်တာမှာတင်ခဲ့တဲ့ video clip မှာတော့ Ronaldo က "ကျွန်တော်တို့ ခုနလေးတင်ပဲ ဓာတ်ပုံ ရိုက်ပြီးခဲ့ကြပြီ။ Alessandra နဲ့အတူ သရုပ်ဆောင်ရတာ ထူးခြားလွန်းခဲ့တယ်။ သူမကတော့ အရမ်း အံ့သြစရာကောင်းတဲ့ မော်ဒယ်တစ်ယောက်ပဲ။ ဘာအတွက် ဓာတ်ပုံ ရိုက်ခံခဲ့လည်းဆိုတာ မပြောသေးပါဘူး။ လျို့ဝှက်ချက်မို့လို့ပါ။ ထွက်ပေါ်လာမှ ကြိုက်ဖို့သာ ပြင်ထားပေးနော်"လို့ ပြောခဲ့ပါတယ်။
- Alessandra ကလည်း "Ronaldo နဲ့ ခမ်းနားတဲ့ အချိန်တွေကို ရခဲ့တယ်။ သူက အရမ်းကို နှစ်မြှို့ဖွယ်ကောင်းတဲ့ အမျိုးသားပဲ။ ဘာကိစ္စလည်း ဆိုတာကိုတော့ ရှာဖွေကြည့်ကြပါ" လို့ပြောခဲ့ပါတယ်။ Ronaldo ဟာ ဘောလုံးကစားရာမှာ ထူးချွန်ရုံမကပဲ သူ့ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ပြင်ပလောက က လူနေမှု ပုံစံတွေကြောင့်လည်း အမြဲစောင့်ကြည့်ချင်စရာ ဖြစ်လို့နေပါတယ်
No comments:
Post a Comment