စနေနေ့က ကိုလုံးအသင်းကို လေးဂိုးပြတ် အနိုင်ရခဲ့သော ဘိုင်ယန်မြူနစ် အသင်းသည် ဘွန်ဒက်စ်လီဂါတွင် အကြိမ် ၁,၀၀၀ မြောက် နိုင်ပွဲရသော ပထမဆုံးအသင်း ဖြစ်လာခဲ့သည်။
ဝါဒါဘရီမင်တစ်သင်းသာ ဘွန်ဒက်စ်လီဂါတွင် ၇၄၁ ပွဲ အနိုင်ရဖူးပြီး ပွဲပေါင်း ၇၅၀ ပင် အနိုင်ရဖူးသော အသင်းမရှိပေ။
ယခုနှစ် ဘောလုံးရာသီအစတွင် ၁၀ ပွဲမြောက် အနိုင်ရခဲ့သည့် ဘိုင်ယန်အသင်းက ကိုလုံးအသင်းကို အနိုင်ရသည့်ပွဲအပြီး၌ ပရိသတ်များကို ဘီယာ အခမဲ့တိုက်မည်ဟု အသင်း၏ တွစ်တာစာမျက်နှာတွင် ကြေညာထား ခဲ့သည်။
ယင်းပွဲပြီးနောက် ဘိုင်ယန်အသင်းသည် ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားကို ၁၀ မှတ်အသာဖြင့် ဦးဆောင်ထားသည်။ ဒဏ်ရာမှ သက်သာပြီး ဘိုင်ယန်တွင် ပြန်လည် ပါဝင်ကစားခဲ့သည့် အာဂျန်ရော်ဘင်က တစ်ဂိုး သွင်းယူခဲ့သည်။ ယင်းနောက် အာတူရို ဗီဒယ်၊ လီဝမ်ဒေါစကီးနှင့် မူလာ တို့က တစ်ဂိုးစီ သွင်းယူခဲ့ကြသည်။
အခြားပွဲစဉ်တစ်ခုတွင် ၀ုဖ်ဘတ်အသင်းက ယခုရာသီ၏ ပထမဆုံး အဝေးကွင်းနိုင်ပွဲအဖြစ် ဒမ်းစတက်စ်အသင်းကို တစ်ဂိုး-ဂိုး မရှိဖြင့် အနိုင်ရခဲ့သည်။
နောက်ပွဲစဉ်တစ်ခုတွင် လေဗာကူဆင်က စတုဂတ်ကို နောက်မှ လိုက်ကစားပြီး ၄-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ဝါဒါဘရီမင်အသင်းသည် ခြောက်ပွဲကစားပြီးနောက် ပထမဆုံးနိုင်ပွဲအဖြစ် မိန့်ဇ်အသင်းကို ၃-၁ ဂိုးဖြင့် နိုင်ခဲ့သဖြင့် နည်းပြ ဗစ်တာစကရစ်နစ်အတွက် ဖိအားအချို့ လျော့ကျသွားခဲ့သည်။ မိန့်ဇ်အသင်းက နာကျင်အချိန်ပိုတွင်မှ နှစ်သိမ့်ဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့သည်
No comments:
Post a Comment