Saturday, October 17, 2015

ပုန်ကန်ပြောဆိုချက်များဂုဏ်သိက္ခာမဲ့ဟုမော်ရင်ညိုပြောကြား

အ၀တ်လဲခန်းအတွင်း ချယ်လ်ဆီးကစားသမားများ၏ ယုံကြည်မှု ဆုံးရှုံးသွားပြီဟူသော ပြောဆိုမှုများမှာ ဂုဏ်သိက္ခာမဲ့ လွန်းသည်ဟု နည်းပြမော်ရင်ဟို က ပြောကြားလိုက်သည်။


ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ် ရှစ်ပွဲကစားပြီး နောက် အဆင့် (၁၆) နေရာတွင် ရပ်တည်နေပြီး အသင်း၏ ကစား ပုံကြောင့် နည်းပြမော်ရင်ဟိုအ ပေါ် ဖိအားများ ကျရောက်နေ သည်။

မော်ရင်ဟိုကမူ အသင်း၏ ရလဒ်များကြောင့် စိတ်အနှောင့် အယှက်မဖြစ်ဘဲ ၎င်းနှင့် အသင်း သားများအပေါ် ဝေဖန်မှုများကို ပယ်ချခဲ့သည်။

‘‘ကစားသမား ပုန်ကန်မှုအ ကြောင်း ပြောဆိုမှုတွေဟာ လုံးဝ သိက္ခာမဲ့တယ်ဆိုတာကတော့ အ မှန်တရားပါ။ ကျွန်တော်တို့ကို အ နှောင့်အယှက်ပေးဖို့ လူတွေဘယ် လောက်တောင် လုပ်ကြသလဲဆို လုံးဝဂုဏ်သိက္ခာမဲ့ပါတယ်’’ ဟု ဘီဘီစီသတင်းနှင့် တွေ့ဆုံမှုတွင် မော်ရင်ဟိုက ပြောကြားသည်။

—Ref: Goal
အောင်မြင့်မြတ်

No comments:

Post a Comment