Wednesday, October 21, 2015

ဒိုင်နမိုကိယက်ဗ် ၀ - ၀ ချယ်လ်ဆီး
ယူကရိန်းကလပ်သည် အာတမ်ကရာဗတ်စ်၊ အန်ဒရီ ယာမိုလန်ကို၊ ဗစ်တာလီ ဘူရယ်လ်စကီ အစရှိသည့် အဓိက တိုက်စစ်သမား အစုံအလင်ဖြင့် ချယ်လ်ဆီးကို ရင်ဆိုင်ခဲ့ပြီး ချယ်လ်ဆီးကမူ ခံစစ်ကို ပိုမိုအားပြုကာ ပြိုင်ဘက်၏ အမှားကို ချောင်းကစားရန် ကြိုးစားသွားခဲ့သည်။ ဒုတိယပိုင်း အစတွင် ချယ်လ်ဆီး ကွင်းလယ်လူ ဝီလျံ ကန်သွင်းသည့် ပြစ်ဒဏ်ဘော ဂိုးဘားတန်းထိကာ မြေထောက် ထွက်သွားခြင်းကြောင့် အင်္ဂလန် ချန်ပီယံတို့အတွက် နစ်နာခဲ့ရသည်။ ချယ်လ်ဆီးသည် ဝီလျံ၏ ညာခြမ်းကို အားပြုပြီး ဒိုင်နမို၏ ခံစစ်ကို ထိုးဖောက်မှုများ ပြုလုပ်ခဲ့သော်လည်း အီဒင်ဟာဇက်နှင့် ဒီယေဂို ကော်စတာတို့ကဲ့သို့ ချယ်လ်ဆီး တိုက်စစ်မှူးများကို အိမ်ရှင်အသင်းက အကောင်းဆုံး ထိန်းချုပ် ဟန့်တားသွားနိုင်သဖြင့် ဂိုးမရခဲ့ချေ။ ၆၁ မိနစ်တွင် တန်ပြန်တိုက်စစ်မှတစ်ဆင့် ဒိုင်နမို တောင်ပံလူ ဒါလစ် ဂွန်ဇာလက်ဇ် ဧရိယာထဲ၌ အပိုင်ကန်ခွင့် ရလာသော်လည်း ချယ်လ်ဆီးဂိုးသမား အက်စ်မာ ဘီဂိုဗစ် ကာကွယ်သွားသည်။ ထို့နောက်ပိုင်းတွင် နှစ်သင်းလုံး ဂိုးရရန် ရုန်းကန်ခဲ့ရပြီး ဂိုးမရှိ သရေဖြင့်သာ ပွဲပြီးသွားခဲ့သည်

No comments:

Post a Comment