Friday, October 16, 2015

ပွဲကြီးပွဲကောင်းတွေနဲ့စီးရီးအေပွဲစဉ် ၈

ရိုးမား - အမ်ပိုလီ

နောက်ဆုံးတွေ့ ဆုံမှုသုံးကြိမ်

ရိုးမား ၁-၁  အမ်ပိုလီ

ရိုးမား ၂-၁ အမ်ပိုလီ

အမ်ပိုလီ ၀-၁ ရိုးမား

ရိုးမားအိမ်ကွင်းမှာ နိုင်ပွဲ ဆက်နေပြီး အမ်ပိုလီနိုင်ဖို့ ခက်ပါ မယ်။ ယမန်နှစ်ကလို သရေဖြစ်ဖို့ခက်ပြီး ရိုးမားတစ်ဂိုးလောက်နဲ့ ကပ်နိုင်သွားနိုင်ပါတယ်။

တိုရီနို - မီလန်

နောက်ဆုံးတွေ့ ဆုံမှုသုံးကြိမ်

မီလန် ၃-၀  တိုရီနို

တိုရီနို ၁-၁ မီလန်

မီလန် ၁-၁ တိုရီနို

မီလန်တို့နိုင်ပွဲရဖို့ လိုနေပြီးဇယားမှာ အဆင့်ဆက်တိုက်ကျ နေတာကို ပြန်ဆွဲတင်ရမှာပါ။ မီလန်ကပ်နိုင်ဖို့များပြီး အဝေးကွင်းမှာ အပြန်အလှန်သွင်းဂိုးတွေနဲ့ နိုင်နိုင်သလို သရေလည်း ကျ သွားနိုင်တယ်။

ဘိုလော့ဂ်နာ - ပါလာမို

နောက်ဆုံးတွေ့ ဆုံမှုသုံးကြိမ်

ပါလာမို  ၁-၁ ဘိုလော့ဂ်နာ

ဘိုလော့ဂ်နာ ၃-၀  ပါလာမို

ဘိုလော့ဂ်နာ ၁-၃  ပါလာမို

နှစ်သင်းစလုံးရှုံးပွဲဆက်နေ ပြီး ဘိုလော့ဂ်နာက ဇယား အောက်ဆုံးရောက်နေပါတယ်။ပါလာမိုတို့ ယမန်နှစ်ကလို သရေပွဲဆီဦးတည်နေပြီး အဝေးကွင်းနိုင်ပွဲ ရဖို့ ခက်ပါတယ်။ သရေဖြစ်ဖို့ များပါတယ်။

အတ္တလန်တာ - ကာပီ

နောက်ဆုံးတွေ့ ဆုံမှု-မရှိ

ဒီရာသီအိမ်ကွင်း ရလဒ်ကောင်းတဲ့ အတ္တလန်တာတို့ နိုင် ခြေများပြီး တန်းတက်ကာပီတို့ အားထည့်ကစားလည်း အမြင့်ဆုံးသရေပဲ ရှိပါတယ်။ အတ္တလန်တာကို ဂိုးအနည်းနဲ့ ရပ်တည်သင့်ပါတယ်။

ဆမ်ဒိုးရီးယား - ဖရိုဆီနွန်း

နောက်ဆုံးတွေ့ ဆုံမှု- မရှိ

တန်းတက်အသင်း ဖရိုဆီ နွန်း အိမ်ကွင်းရလဒ်ကောင်းတတ် ပေမယ့် ခက်ခဲဆဲပါပဲ။ ဆမ်ဒိုးရီးယားတို့ အဝေးကွင်းနိုင်ပွဲရနိုင် တယ်။ ဒါပေမဲ့ တိုက်စစ်အလုပ်မဖြစ်ဘဲ သရေဖြစ်နိုင်ခြေလည်း ရှိပါတယ်။

ဂျီနိုအာ - ချီယေဗို

နောက်ဆုံးတွေ့ ဆုံမှုသုံးကြိမ်

ဂျီနိုအာ ၀-၂ ချီယေဗို

ချီယေဗို ၁- ၂ ဂျီနိုအာ

ချီယေဗို ၂-၁ ဂျီနိုအာ

ချီယေဗိုတိုက်စစ်ပိုကောင်း ပေမယ့် ဂျီနိုအာအိမ်ကွင်းမှာ ခံစစ် ကစားနိုင်တဲ့ပွဲဖြစ်ပါတယ်။ ချီယေဗိုတစ်ဂိုးအသာလောက်နဲ့ပဲ အ များဆုံးနိုင်ခြေရှိပါတယ်။

ဗီရိုနာ - အူဒီးနီးစ်

နောက်ဆုံးတွေ့ ဆုံမှုသုံးကြိမ်

ဗီရိုနာ ၀-၁  အူဒီးနီးစ်

အူဒီးနီးစ် ၁-၂ ဗီရိုနာ

ဗီရိုနာ ၂-၂  အူဒီးနီးစ်

ဗီရိုနာ သရေပွဲနဲ့ ရှုံးပွဲတွေ များနေပြီး ဒီပွဲမှာလည်း နိုင်ဖို့  ခက်ပါတယ်။ အူဒီးနီးစ်အဝေးကွင်းမှာ အပြန်အလှန်သွင်းဂိုးတွေနဲ့ ကပ် နိုင်မယ်။

နာပိုလီ - ဖီအိုရင်တီးနား

နောက်ဆုံးတွေ့ ဆုံမှုသုံးကြိမ်

နာပိုလီ ၃-၀  ဖီအိုရင်တီးနား

ဖီအိုရင်တီးနား ၀-၁ နာပိုလီ

ဖီအိုရင်တီးနား ၁-၃ နာပိုလီ

နာပိုလီနိုင်ဖို့ များပြီး ဂိုးသွင်းနှုန်းလည်း မြင့်နေတယ်။ တောက် လျှောက်တိုက်စစ်ကောင်းနေတဲ့ နာပိုလီ အိမ်ကွင်းမှာ နှစ်ဂိုးလောက်ရနိုင်တယ်။ ဖီအိုရင်တီးနားတစ်ဂိုးလောက် ပြန်သွင်းနိုင်ပါလိမ့်မယ်။

ဆတ်ဆူလို - လာဇီယို

နောက်ဆုံးတွေ့ ဆုံမှုသုံးကြိမ်

ဆတ်ဆူလို ၀-၃ လာဇီယို

လာဇီယို ၃-၂ ဆတ်ဆူလို

လာဇီယို ၃-၂ ဆတ်ဆူလို

လာဇီယိုလေးပွဲဆက်နိုင်ပွဲရ နေပြီး ခြေစွမ်းပိုင်းအကောင်းဆုံးပြန်ရနေပါတယ်။ ဇယားမှာ အဆင့်တက်ဖို့ လာဇီယိုတို့ အနိုင်ကစားဦးမယ့်ပွဲပါ။ ထင်သ လောက်ဂိုးမများဘဲ ဂိုးနည်းနိုင် ပါတယ်။

အင်တာမီလန် - ဂျူဗင်တပ်

နောက်ဆုံးတွေ့ ဆုံမှုသုံးကြိမ်

အင်တာ  ၁-၂ ဂျုဗင်တပ်

ဂျူဗင်တပ် ၁-၁ အင်တာ

ဂျူဗင်တပ် ၃-၁ အင်တာ

အင်တာမီလန်တို့ ဇယား ထိပ်ဆုံးကို ပြန်ရောက်ဖို့ ဂျူဗီကို အနိုင်ကစားရမှာပါ။ ဂျူဗင်တပ် ခြေစွမ်းရော အဆင့်ပါကျနေပြီး ဒီပွဲမှာလည်း ခက်ခဲနိုင်တယ်။သရေ(သို့မဟုတ်) အင်တာကပ် အနိုင်ပဲ ရှိပါတယ်
7daydaily
အောင်မြင့်မြတ်

No comments:

Post a Comment