ဘရာဇီးအသင်းရဲ့ ခေါင်းဆောင်ဖြစ်သူ Neymar ဟာ ဘာစီလိုနာအသင်းမှာ ဆက်ရှိ မရှိ အနာဂတ်နဲ့ ပတ်သက်ပြီး လှုပ်ခတ်နေသူပါ။ သူဟာ မန်ယူအသင်းရဲ့ ကြိုးပမ်းမှုကို လက်ခံရရှိခဲ့ပါတယ် လို့ သူကဖခင်က ဝန်ခံခဲ့တာပါ။ ဒါကြောင့် Neymar ရဲ့အလှုပ်ခတ်ဆုံးဖြစ်နေခဲ့ပြီး သူ့ကို မန်ယူအပါအဝင် ရီးရဲလ်မက်ဒရစ် ၊ ချယ်လ်ဆီးနဲ့ PSG လို အသင်းကြီးတွေက စောင့်ကြည့်နေပါတယ်။
Neymar ရဲ့ ဖခင် ပြောကြားချက်အရတော့ မန်ယူအသင်းဟာ Neymarကို အစောဆုံးကမ်းလှမ်းခဲ့ပြီး ကစားသမားကိုယ်တိုင်ရော ကလပ်အသင်းကပါ စိတ်ဝင်စားခြင်း မရှိတာကြောင့် ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။
Neymar ဟာ ကာလရှည် စာချုပ်ချုပ်ဆိုဖို့ ဆွေးနွေးလျက်ရှိနေပြီး ၂၀၁၆ ရောက်မှ အပြီးသတ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ Neymar ဟာ ဘာစီလိုနာအသင်းမှာ ကစားရတာကို ငြီးငွေ့နေပြီး ကမ္ဘာကျော်တွေ စုစည်းနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းကစားချင်မိတယ်လို့ တရားဝင်ဖွင့်ဟထားတာပါ။
ဒီလို အနာဂတ်လှုပ်ခတ်နေမှုကို မန်ယူအသင်းက အခွင့်ကောင်းယူပြီး ကြားဝင် ကမ်းလှမ်းခဲ့တာပါ။ ဒါပေမယ့် ကစားသမားကိုယ်တိုင်က မန်ယူအသင်းကို စိတ်မဝင်စားတာကြောင့် ခေါ်ယူနိုင်ဖို့ အခွင့်အရေး နည်းပါးသွားတာပါ။
သူရဲ့ အနာဂတ်ကိုတော့ သူကိုယ်တိုင် ဆုံးဖြတ်မှာဖြစ်ပြီး စာချုပ်သက်တမ်း တိုးဖို့ အဆင်မပြေရင်တော့ အသင်းပြောင်းဖို့ သေချာသလောက် ရှိနေတာပါ။ ဒါ့ကြောင့် ဒီလိုအရည်အသွေးမြင့် ကစားသမားကို ခေါ်ယူဖို့ ဥရောပအသင်းကြီးတွေက စောင့်ကြည့်လျက် ရှိနေတာပါ။
ဒါပေမယ့် ဘာစီလိုနာကတော့ Neymar ကို စာချုပ်သက်တမ်းတိုးဖို့ အစွမ်းကုန် ကြိုးစားနေပြီး လာမယ့် ၂၀၁၆ အပြောင်းအရွှေ့ Neymar ရဲ့ အနာဂတ်ဟာ ဘာတွေဖြစ်လာနိုင်တယ် ဆိုတာတော့ ဘယ်သူကမှ အတိအကျ မပြောနိုင်သေးဘူး လို့ သိရပါတယ်
No comments:
Post a Comment