မန်စီးတီးအသင်းတွင် တိုက်စစ်မှူးအဂူရို၊ ကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗားတို့ ပါဝင်နိုင်မည် မဟုတ်သော်လည်း ကျန်အသင်းသားများ အင်အားဖြင့် ဆီဗီလာကို ရင်ဆိုင်နိုင်မည်ဟု ယုံကြည်ကြောင်း နောက်ခံလူ ဇာဘလက်တာက ပြောလိုက်သည်။
မန်စီးတီးသည် အဂူရိုနှင့် ဆေးလ်ဗားတို့ မပါဝင်နိုင်သော်လည်း စတာလင်နှင့် ဒီဘရိုင်နီတို့ရှိပြီး ယူရိုပါလိဂ်ချန်ပီယံ ဆီဗီလာနှင့်ပွဲမှာ အရေးကြီးသော ပွဲဖြစ်ကြောင်း ဇာဘလက်တာက ဆိုသည်။
‘‘ဒီပွဲက ချန်ပီယံလိဂ်အုပ်စုမှာ အရေးကြီးပါတယ်။ နောက်တစ်ဆင့်အတွက် ဘယ်အသင်း အဆင့်မီလဲဆိုတာ ဆုံးဖြတ်ရမှာပါ။ ပြီးတော့ မန်ယူနဲ့ ဒါဘီပွဲကလည်း ပရီးမီးယားလိဂ်မှာ အလွန်ခက်ခဲဦးမှာပါ။ ဒီနှစ်ပွဲစလုံးဟာ ပွဲကြီးတွေပါပဲ’’ဟု ၎င်းကဆိုသည်။
မန်စီးတီးသည် ဥရောပပွဲများတွင် နောက်တန်း အားနည်းမှု ရှိခဲ့သော်လည်း ဗင်းဆင့်ကွန်ပနီ ပြန်ကစားနိုင်၍ အဆင်ပြေမည် ဟု မျှော်လင့်နေသည်။ တောင်ပံလူ ဂျီးဆပ်နာဗတ်စ်ကလည်း အဂူရိုနှင့် ဆေးလ်ဗားတို့ မပါဝင်သော်လည်း ၎င်းတို့၏အသင်းမှာ ကစားသမားကောင်း များစွာရှိကြောင်း၊ ထို့ကြောင့် ပွဲတိုင်း အနိုင်ကစားရမည် ဖြစ်ကြောင်း ပြောကြားသည်။
မန်စီးတီးသည် ချန်ပီယံလိဂ် အုပ်စု(D)တွင် နှစ်ပွဲကစားပြီး တစ်ပွဲနိုင် တစ်ပွဲရှုံး၊ သုံးမှတ်ဖြင့် ဂျူဗင်တပ်နှင့် ဆီဗီလာတို့ နောက်တွင်ရှိနေကာ ဆီဗီလာကို နိုင်ခဲ့ပါက အုပ်စုဒုတိယ ဖြစ်လာမည်ဖြစ်သည်။
ထို့နောက် ၎င်းတို့သည် ပရီးမီးယားလိဂ်တွင်လည်း တနင်္ဂနွေနေ့၌ မန်ယူနှင့် ဒါဘီပွဲ ကစားရမည်ဖြစ်သည်
No comments:
Post a Comment