Wednesday, October 14, 2015

ဆန်းချက်ကိုကာလရှည်စာချုပ်ဖြင့်ဆင်ထိန်းရန်အာဆင်နယ်ပြင်ဆင်

 အာဆင်နယ်အသင်းသည် အားထားရသည့် ချီလီ တိုက်စစ်မှူး ဆန်းချက်ဇ်ကို ကာလရှည်စာချုပ်သစ်တစ်ရပ်ဖြင့် ဆက်လက်ထိန်းထားနိုင်ရန် ဆွေးနွေးနေပြီ ဖြစ်သည်။

ဆန်းချက်ဇ် (၂၆) နှစ်သည် ယမန်နှစ်ကစ၍ ခြေစွမ်းပြလာနိုင်ပြီး အသင်းကို အက်ဖ်အေဖလားရနိုင်အောင် ကူညီပေးခဲ့ကာ ယခုနှစ်တွင်လည်း အဓိက ကစားသမားဖြစ်လာခဲ့၍ အသင်းက စာချုပ်သစ်ထပ်မံချုပ်ဆိုရန် စီစဉ်နေ ခြင်းဖြစ်သည်။

ဆန်းချက်ဇ်၏ လက်ရှိစာချုပ်မှာ ၂၀၁၈ တွင် သက်တမ်းကုန်မည်ဖြစ်သော်လည်း အာဆင်နယ်က ထပ်မံသက်တမ်းတိုးလိုခြင်းဖြစ်ပြီး ခရစ္စမတ်ကာလ မတိုင်မီစာချုပ်သစ်ချုပ်ဆိုနိုင်ရန်      မျှော်လင့်ထားကြောင်း   ဆို သည်။

ဆန်းချက်ဇ်သည် စာချုပ်သစ်ချုပ်ဆိုဖြစ်ပါက အသင်းတွင် လုပ်ခအများဆုံးကစားသမားဖြစ်လာဖွယ်ရှိကြောင်း သတင်းက ဆိုသည်။                                                  Ref:ESPN
အောင်မြင့်မြတ်

No comments:

Post a Comment