Saturday, October 17, 2015

နေမာဘာကာသို့ပြောင်းရွှေ့မှုကိုဖီဖာစတင်စစ်ဆေး

ဘရာဇီးတိုက်စစ်မှူး နေမာ၏ ၂၀၁၃ က ဆန်းတို့စ်အ သင်းမှ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့မှုကို စတင်စုံစမ်းစစ် ဆေးနေကြောင်း ဖီဖာက ကြေ ညာသည်။


ယင်းသဘောတူညီမှုမှ မမျှ တသော နစ်နာကြေး ရရှိခဲ့သည် ဟု ဘရာဇီးကလပ် ဆန်းတို့စ်က ယုံကြည်ထားပြီး ခန့်မှန်းခြေ ပြောင်းရွှေ့ကြေး ယူရို ၈၃ ဒသမ ၄ သန်းမှ ယူရို ၁၇ ဒသမ ၁ သန်း သာ ရရှိခဲ့သည်။

နေမာနှင့် ဘာစီလိုနာအ သင်းတို့နှင့် ပတ်သက်၍  ဆန်းတို့စ် အသင်းထံမှ တိုင်ကြားချက် တစ် ခု လက်ခံရရှိထားသည်ဟု ဖီဖာ က ရိုက်တာသတင်းဌာနသို့ ပြော ကြားသည်။

ယင်းကိစ္စကို လောလော ဆယ် ဆိုင်းငံ့ထားပြီး စုံစမ်းစစ် ဆေးနေသည်ဟု ဖီဖာက ပြော သည်။

နေမာ၏ အသင်းပြောင်း ရွှေ့မှုအတွက် အခွန်လိမ်လည်မှု ရှိ၊ မရှိ ဆုံးဖြတ်နိုင်ရေး နေမာအ တွက် ဘာကာက ဆန်းတို့စ်အ သင်းကို ပေးခဲ့သည့် ငွေပမာဏ အတိအကျကို သိရှိနိုင်ရန် စုံစမ်း စစ်ဆေးနေကြောင်း စပိန်အား ကစားသတင်းဌာန Marca က ဖော်ပြသည်။  —Ref: ESPAN
အောင်မြင့်မြတ်

No comments:

Post a Comment