ယနေ့ည ချန်ပီယံလိဂ်အုပ်စု (F) ပွဲတွင် အိမ်ကွင်း၌ ဥရောပထိပ်သီး ဘိုင်ယန်ကို လက်ခံကစားရမည့် အာဆင်နယ် ကွင်းလယ်လူ ရမ်ဆေးက ၎င်းတို့ နောက်တန်းသည် ဘိုင်ယန်တိုက်စစ်မှူး လီဝမ်ဒေါစကီးကို ထိန်းချုပ်နိုင်ကြောင်း ထုတ်ဖော်ပြောသည်။
လီဝမ်ဒေါစကီးသည် လက်ရှိတွင် ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတစ်ဦးအဖြစ် သတ်မှတ်ခံနေရပြီး နောက်ဆုံးကစားခဲ့သည့် ကလပ်အသင်းနှင့် လက်ရွေးစင် အသင်းအတွက် ၁၆ ပွဲတွင် ၂၀ ဂိုး သွင်းယူထားသည်။
သို့သော် အာဆင်နယ် နောက်တန်းသည် ၎င်းကို ထိန်းချုပ်နိုင်ကြောင်း ရမ်ဆေးက မှတ်ချက်ပြုသည်။
‘‘ကျွန်တော်တို့မှာ အရည်အသွေးပြည့် နောက်ခံလူတွေ ရှိပါတယ်။ ကျွန်တော်တို့ လီဝမ်ဒေါစကီးကို သတိထားမိတာထက် သူတို့က ပိုသတိထား ပါတယ်။ ကျွန်တော်တို့ ကစားနိုင်မယ် မျှော်လင့်ပါတယ်’’ ဟု ရမ်ဆေးက ဆိုသည်။
အာဆင်နယ်သည် လက်ရှိတွင် အုပ်စု အဖွင့်နှစ်ပွဲဖြစ်သည့် ဒိုင်နမိုဇာဂရက်နှင့် အိုလံပီယာကို့စ်တို့နှင့် ပွဲများ၌ ရှုံးနိမ့်ထားရာ ဘိုင်ယန်နှင့် အိမ်ကွင်းပွဲမှာ မဖြစ်မနေနိုင်ရန် လိုအပ်နေသည်။ နည်းပြ ဝင်းဂါးကလည်း ၎င်းတို့သည် ယခင်က အလွန်ကောင်းမွန်သည့် ဘိုင်ယန်အသင်းကို ရင်ဆိုင် ကစားခဲ့ဖူးပြီဖြစ်၍ ရလဒ်ကောင်းရမည် ဟု ထုတ်ဖော်ပြောသည်။
‘‘ကျွန်တော်တို့ အာရုံစိုက်တာက ဥရောပမှာထက် ပရီးမီးယားလိဂ်မှာ ပိုအားကောင်းခဲ့တယ်။ ဒီပွဲကတော့ ပရီးမီးယားလိဂ်မှာလို တစ်ထပ်တည်း အာရုံစိုက်ဖို့လိုတဲ့ ပွဲဆိုတာ သိပါတယ်’’ဟု ဝင်းဂါးကဆိုသည်။
ဘိုင်ယန်တွင် ယနေ့ညချန် ပီယံလိဂ်ပွဲ၌ ရော်ဘင်၊ ရီဘာရီ၊ဂေါ့တ်ဇ်ီ ၊ ရိုဒီ၊ ဘတ်စတူဘာ၊ ဘင်နက်တီယာတို့ ပါဝင်မည် မဟုတ်ဘဲ ကိုမန်းမှာမူ ပါဝင်မည်ဖြစ်သည်။
အာဆင်နယ်တွင် ယနေ့ည၌ တိုက်စစ်မှူး ဂျီရော့ တစ်ပွဲပယ် ပြစ်ဒဏ်စေ့၍ ပြန်လည် ပါဝင်လာမည်ဖြစ်သည်။
No comments:
Post a Comment