Thursday, October 29, 2015

ပဏာမ မြန်မာ ယူ-၂၁ ဘောလုံးအသင်းတွင် ကစားသမားလေးဦး ထပ်မံအားဖြ

 ပဏာမ မြန်မာ့လက် ရွေးစင် ယူ-၂၁ ကစားသမားစာ ရင်းတွင် ကောင်းဆက်နိုင်နှင့် ပြည်မိုးတို့နှစ်ဦးမှာ အသက်ကျော် လွန်နေ၍ မပါဝင်တော့ဘဲ သန်း ပိုင်၊ ရှိုင်းသူရ၊ သိန်းဇော်နှင့် စစ်မင်း စသည့်ကစားသမားလေးဦးကို ထပ်မံအားဖြည့်ခဲ့ကြောင်း သတင်းရရှိသည်။


လာမည့် နိုဝင်ဘာ ၂၀ ရက် မှ ၂၉ ရက်အထိ ဗီယက်နမ်နိုင်ငံ တွင် ကျင်းပမည့် International U-21 Thanh Nien Newspaper Cup 2015 ပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်ရန် ပဏာမလူစာရင်း ၂၆ ဦး ထုတ်ပြန်စဉ်က ကောင်း ဆက်နိုင်နှင့် ပြည်မိုးတို့ကို ရွေးချယ်ခဲ့သော်လည်း အောက်တိုဘာ ၂၇ ရက်က သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်နှင့် ခြေစမ်းပွဲတွင် ၎င်းတို့နှစ်ဦးကို ချန်လှပ်ခဲ့ကြောင်း သတင်း ရရှိသည်။

‘‘ပြိုင်ပွဲကို အသက်မကျော် သေးတဲ့ ကစားသမားတွေ အဓိက ရွေးချယ်ပြီး ပြိုင်ပွဲကို ၀င်ပြိုင်မှာ ပါ။ ၁၉၉၄ မှာ မွေးတဲ့ကစားသမား တွေကို အဓိကရွေးတာဖြစ်တဲ့အ တွက် ကောင်းဆက်နိုင်နဲ့ ပြည်မိုး တို့ကို မရွေးတော့တာပါ’’ဟု မြန် မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တာ ၀န်ရှိသူတစ်ဦးကပြောသည်။

မြန်မာ ယူ-၂၁ လက်ရွေးစင် အသင်း၏ လူစာရင်းတွင် လက် ရွေးစင်အသင်းကြီးမှ ကစားသ မားများဖြစ်သည့် သန်းပိုင်နှင့် ရှိုင်းသူရတို့အပြင် ဇွဲကပင်နောက် ခံကစားသမား သိန်းဇော်နှင့် မြန် မာ ယူ-၁၉ အသင်း၌ ခြေစွမ်းပြ ကစားနိုင်ခဲ့သည့် အလယ်တန်း ကစားသမား စစ်မင်းတို့ကိုလည်း ထပ်မံအားဖြည့်ခေါ်ယူခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၂၇ ရက်က ယှဉ်ပြိုင်ခဲ့သည့် ရန်ကုန်အသင်း နှင့်ခြေစမ်းပွဲကို အားရကျေနပ်မှု မရှိသော်လည်း ပြိုင်ပွဲမတိုင်မီ အကောင်းဆုံး ပြင်ဆင်မည်ဖြစ် ကြောင်း မြန်မာ ယူ-၂၁ အသင်း နည်းပြချုပ် အဲရစ်ဝီလျံက ပြော သည်။ အဆိုပါခြေစမ်းပွဲတွင် မြန်မာ ယူ-၂၁ အသင်းက ရန်ကုန်လူငယ်အသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

 ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲ တွင် ဗီယက်နမ်ထိပ်သီးကလပ်  ဟောင်အန်းဂယ်လိုင် ယူ-၂၁​ အသင်း၊ ထိုင်း ယူ-၂၁ အသင်း၊ စင်ကာပူ ယူ-၂၁ အသင်း၊ ဗီယက်နမ် ယူ-၁၉ အသင်း၊ တောင်ကိုရီးယား ယူ-၁၉ အသင်းနှင့် မြန်မာယူ-၂၁ အသင်းတို့ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပွဲစဉ်ဇယားထွက်ပေါ်ခြင်းမရှိသေးပေ
CREDIT -7DAYDAILY
အောင်မြင့်မြတ်

No comments:

Post a Comment