Friday, October 16, 2015

ရီးယဲလ်တိုက်စ်မှုး ရာအူးလ် အနားယူတော့မည်

ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူးဟောင်းနှင့်ကလပ်၏ ပူးတွဲဂိုးသွင်းစံချိန်ရှင် ရာအူးလ်သည် ၂၁ နှစ်ကြာ ကစားပြီးနောက်လာမည့် နိုဝင်ဘာတွင် ဘောလုံးကစားခြင်းမှ အနားယူတော့မည် ဖြစ်သည်။


ယခုအခါ နယူးယောက် ကော့စ်မောစ်အသင်းတွင် ကစားနေ သော ရာအူးလ်သည် ရီးရဲလ်တွင် ကစားစဉ် ချန်ပီယံလိဂ်ဖလား သုံးကြိမ်နှင့် လာလီဂါချန်ပီယံဆု ခြောက်ကြိမ် ရရှိခဲ့သည်။

ဧပြီအတွင်းက ကော့စ်မော့စ်အသင်းသို့ ရောက်ရှိလာခဲ့သော ရာအူးလ် (၃၈) နှစ်သည် မြောက်အမေရိကန်ဘောလုံးလိဂ် (NASL) ရာသီ ပြီးဆုံးချိန်တွင် အနားယူမည်ဖြစ်သည်။

ကော့စ်မော့စ်အသင်းမှာ မေဂျာလိဂ်ထက် တစ်ဆင့်နိမ့်သော လိဂ်တွင် ပါဝင်သည်။

‘‘ကျွန်တော်ဆုံးဖြတ်ချက်က ရာသီကုန်ချိန်မှာ အနားယူဖို့ပါ။ လောလောဆယ်မှာ ကျွန်တော်တို့ နယူးယောက် ကော့စ်မော့စ်အ သင်း NASL ချန်ပီယံရှစ် အနိုင်ရဖို့ကို အပြည့်အ၀ အာရုံစိုက်ထား ပါတယ်’’ ဟု ရာအူးလ်က ပြောကြားပြီး ရှေ့လာမည့်လများတွင် မိမိအလုပ်အကိုင် နောက်တစ်ခုကို ဆုံးဖြတ်သွားမည်ဟု ၎င်းက ပြောသည်။      —Ref: Reuters
အောင်မြင့်မြတ်

No comments:

Post a Comment