Wednesday, October 14, 2015

ရှရှား၊ဆလိုဗေးနီးယားယူရို၂၀၁၆ခြေစစ်ပွဲအောင်မြင်

 အင်္ဂါနံနက်အစောပိုင်း ယူရို ၂၀၁၆ ခြေစစ်ပွဲမှ အုပ်စုနောက်ဆုံးပွဲစဉ်အချို့ ကျင်းပပြီးစီးခဲ့ရာ ရုရှား၊ ဆလိုဗေးနီးယား တို့  ခြေစစ်ပွဲအောင်ခဲ့ပြီး ဆွီဒင်နှင့် ယူကရိန်းတို့မှာ ရှုံးထွက်ပွဲများ ကစားရမည့်အဆင့်သို့ တက် ရောက်သွားခဲ့သည်။

ရုရှားသည် နည်းပြ ကာပယ်လိုကို ဇူလိုင်လတွင် စာချုပ်ရပ်ဆိုင်းခဲ့ပြီးနောက် နည်းပြအသစ် ဖြင့် နောက်ဆုံးလေးပွဲဆက်တိုက်နိုင်ကာ အုပ်စု (G) ၌ ဩစတြီး ယားနောက်  ဒုတိယနေရာရကာ ခြေစစ်ပွဲအောင်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့သည် နောက်ဆုံးပွဲ တွင် မွန်တီနီဂရိုးကို ၂-၀ ဂိုးဖြင့်နိုင်ခဲ့သည်။

ဆလိုဗေးနီးယားမှာလည်း လူဇင်ဘတ်ကို ၄-၂ ဂိုးဖြင့်နိုင်ကာ အုပ်စု (C) ဒုတိယဖြင့် ထိပ် သီးစပိန်နောက်တွင် ခြေစစ်ပွဲ အောင်ခဲ့ခြင်းဖြစ်သည်။

ဆွီဒင်က မော်လ်ဒိုဗာကို ၂-၀ဂိုးဖြင့် နိုင်ခဲ့ကာ အီဘရာဟီ မိုဗစ်က အဖွင့်ဂိုးသွင်းခဲ့ပြီးနောက် ဇန်ဂင်က ဒုတိယပိုင်းအစတွင် တစ်ဂိုးထပ်သွင်းကာ အနိုင်ရခဲ့ပြီးအုပ်စု (G) အကောင်းဆုံးတတိယ အဖြစ် ရှုံးထွက်အဆင့်ကစားရန် ခြေစစ်ပွဲအောင်နိုင်ရေး မျှော်လင့် ချက်ရေးရေးကျန်ခဲ့သည်။

ယူကရိန်းကလည်း အုပ်စု(C) တွင် စပိန်၊ ဆလိုဗေးနီးယားတို့နောက် အကောင်းဆုံးတတိယ ရခဲ့ပြီး နောက်ဆုံးပွဲတွင် စပိန်ကို ၁-၀ ဂိုးဖြင့် ရှုံးခဲ့သည်။

အင်္ဂါနံနက်ပွဲများတွင် အင်္ဂ လန်အသင်းက လစ်သူယေးနီး ယားကို ၃-၀ ဂိုးပြတ်ဖြင့် နိုင်ခဲ့ပြီးရော့စ်ဘာကလေ၊ ဟယ်ရီကိန်း၊ ချိမ်ဘာလိန်တို့ သွင်းဂိုးများဖြင့် နိုင်ခဲ့ကာ အုပ်စု ၁၀ ပွဲစလုံး အပြည့် အစုံအနိုင်ရသည့် အသင်းဖြစ် သည်။

၎င်းတို့ နောက်တွင် ဆွစ်ဇာလန်က အက်စတိုးနီးယားကို ၁-၀ဂိုးဖြင့် နိုင်ပြီး ဒုတိယနေရာဖြင့် ခြေစစ်ပွဲအောင်ခဲ့သည်။

—Ref: ESPN
အောင်မြင့်မြတ်

No comments:

Post a Comment