Saturday, August 27, 2016

ကစားသမားဘဝကိုတော်တင်ဟမ်မှာပဲအဆုံးသတ်သွားပါမယ်ဟယ်ရီကိန်း


အသက် ၂၃ နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှုးကတော့ ကလပ်အသင်းရဲ့ လက်ရှိ တိုးတက်လာမှုတွေအပေါ် ပီတိဖြစ်နေပုံရပြီး သူ့ရဲ့ လက်ကျန်ကစားသမားဘဝကို (အသင်းမပြောင်းပဲ) ကလပ် အသင်းအတွက် ပေးဆပ်သွားမယ်လို့ ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ် ။

ဟယ်ရီကိန်း ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက တော်တင်ဟမ်ဟော့စပါး အတွက် လိဂ်ဂိုး ၂၅ ဂိုးအထိ သွင်းယူပေးထားပြီး ရွှေဖိနပ် ဆုရှင် ဖြစ်ခဲ့သလို အသင်းကို အဆင့် ၃ နေရာအထိ ရရှိအောင် စွမ်းဆောင်ပေးထား နိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ တော်တင်ဟမ် အသင်းကတော့ ယခုမှာ ပရီးမီးယားလိဂ် ၂ ပွဲ ကစားထားပြီး ၄ မှတ် ပဲ ရရှိထားတာ ဖြစ်ပေမယ့် ကိန်း အနေနဲ့ ရလဒ် ပိုင်းကို စိတ်ပျက်မှု မရှိသလို အသင်းရဲ့ ခြေစွမ်းပိုင်းကို အားရမှု ရှိနေတာပဲ ဖြစ်ပါတယ် ။

"ကျနော် သည်မှ နေရတာကို ချစ်မြတ်နိုးပါတယ်"

ကိန်း မှ စနေနေ့ လီဗာပူးနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃ မတိုင်ခင် sky sports မှာ ဖြေကြားထားခဲ့ ခြင်းပဲ ဖြစ်ပါတယ် ။ ယင်းမှ ဆက်လက် ၍

"လက်ရှိမှာတော့ အသင်းဟာ အကောင်းဆုံး ပုံစံမှာ ရှိနေပါတယ် ။ ကျနော်တို့ တစ်သင်းလုံး ရှေ့ဆက် တိုးတက်နေဖို့က အရေးကြီးပါတယ် ။ အသင်းအတွက် အမြော်အမြင် ကြီးကြီးနဲ့ ရှေ့ဆက်နေသ၍ ကျနော်တို့ ကျရှုံးသွားမှာ မဟုတ်ပါဘူး ။ ကလပ် အသင်းတစ်သင်း အနေနေနဲ့ ကျနော်တို့ ရှေ့ ဆက်သွားနေကြမှာပါ ။"

"လောလောဆယ်မှာတို့ အသင်းဟာ ထိပ်တန်း နည်းပြကြီး နဲ့ အတူ လူငယ်ကစားသမားတွေ နဲ့ ဖွဲ့စည်းထားသလို၊ အဆင်မြင့် လေ့ကျင့်ကွင်း ကိုလည်း ပိုင်ဆိုင်ထားပြီး မကြာခင် ကွင်းအသစ် ကြီးလည်း လာတော့မှာ ဆိုတော့ အရမ်း စိတ်လှုပ်ရှားဖို့ ကောင်းနေပါပြီ ။"

"ကျနော့်ရဲ့ လက်ကျန် ကစားသမားဘဝကိုလည်း သည်မှာ နေရဖို့ပဲ နှစ်သက်ပါတယ် ။ ရှေ့ဆက် ဘာတွေဖြစ်လာမလဲဆိုတာတော့ ကျနော်တို့ တွေ့ကြုံ ရတော့မှာပါ ။"

"ကျနော်တို့ အရင်နှစ်ကထက် တိုးတက်ဖို့ အရင်နှစ်ကထက် ပိုကောင်းဖို့ အလိုရှိနေပါတယ် ။ ကျနော်တို့ ဘယ်သူ့ကိုမှ ရှိန်နေမှာ မဟုတ်ပါဘူး ။ ဘယ်ကစားသမား ဘယ်နည်းပြကိုမှ ရှိန်နေမှာ မဟုတ်ပါဘူး ။"

"ကျနော်တို့ စွမ်းဆောင်ရည်အပေါ် ကျနော်တို့ ယုံကြည်မှု အပြည့်အဝ ရှိနေပါတယ် ။ ကျနော်တို့ ထိပ်ဆုံးမှာပဲ ရှိနေမှာ ဖြစ်ပြီး လိဂ်ချန်ပီယံ ဖြစ်ဖို့အတွက် ထပ်ပြီး ရင်ဆိုင်သွားကြ မှာပါ"

"အသင်းတိုင်းကတော့ သူတို့ပြောင်းလဲဖို့ လိုအပ်ပြီ ဆိုရင် လူတွေဝယ်တယ် နည်းပြတွေ ပြောင်းတယ်လေ ။ နည်းပြကြီးကတော့ အဲ့လို လုပ်ဖို့ လိုအပ်တယ်လို့ မထင်ထားလောက်ပါဘူး ။ သူ အသင်းရဲ့ လက်ရှိလူစာရင်းကို အားရနေပါတယ်။"

"သူ အသင်းမှာ အဆင့်မြင့် ခေါ်ယူမှုတွေနဲ့ အားဖြည့်ထား သေးတယ်လေ။ ပြီးတော့ ကျနော်တို့ လည်း အဲ့သည်အတွက် ဝမ်းသာရပါတယ် ။ ကျနော်တို့ တစ်နှစ်ထက် တစ်နှစ် ပိုကောင်းလာပါပြီ ။ ပြီးတော့ ကျနော့်တို့အတွက် အဲ့ဒါကို အာရုံစိုက်လုပ်ဆောင်သွားဖို့ လိုပါတယ် "

"မန်ယူ၊ မန်စီးတီး နဲ့ ချဲလ်ဆီး အသင်းတို့ရဲ့ နည်းပြအသစ်တွေ ကစားသမား အသစ်တွေ အကြောင်းကို တော်တော်များများ ပြောနေကြပါတယ် ။ အဲ့သည်လိုကြားရတဲ့ အတွက်လည်း ဝမ်းသာရပါတယ် ။ ကျနော်တို့ကတော့ အပတ်တိုင်း ကျနော်တို့ လုပ်နိုင်သမျှ လုပ်သွားမှာပါ ။"

"(ကစားသမားအသစ် ဗန်းဆင့်ယန်ဆန် နဲ့ ပတ်သက်လို့လည်း) သူက ထိပ်တန်း ကစားသမား မျိုးပါ ။ သူဟာ အလွန်ပဲ စိတ်ရော ကိုယ်ပါ ကြံ့ခိုင်မှု ရှိပြီး ကျနော်တို့ လိုအပ်တဲ့ ကစားသမားမျိုးပါ ။ သူရောက်လာတာ တိုက်စစ်အတွက် ပိုရွေးချယ်လို့ ကောင်းသွားပါပြီ "

"ကျနော်တို့ အတူတွဲဆော့လို့ ရပါတယ် ။ တခါတလေမှာတော့ ကျနော်တို့ တစ်ယောက်ပဲ ဆော့ရပြီး ကျန်တစ်ယောက်က မဆော့ရတာမျိုးတော့ ရှိမှာပါ။ သူ့ပုံစံ ကတော့ အသင်းနဲ့ လုံးဝ အံကိုက်ပါပဲ"ဆိုပြီး ဖြေကြားထားခဲ့တာပဲ ဖြစ်ပါတယ် ။

Credit – sport myanmar



ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

ဘရာဗို ကို မန်စီးတီး အသင်းထံ ရောင်းထုတ် လိုက် ရခြင်းအ ကြောင်းကို ဘာစီလိုနာ အသင်းထုတ် ဖော် ပြောဆို

ဘာစိလိုနာအသင်းရဲ့ ချီလီဂိုးသမား ဘရာဗို ဟာ မန်စီးတီး အသင်းဆီကို ဘာကြောင့်ပြောင်းရွှေ့သွားရသလဲ ဆိုတာ ကို ဘာစီလိုနာ အသင်းက ထုတ် ဖော် ပြောဆိုသွားခဲ့ပါတယ် ။

အသင်းတာဝန် ရှိသူတွေက ဘရာဗို ကို ဆက် ရှိနေ စေလိုပေမယ့် ကာယကံရှင် က စိန်ခေါ်မှုအသစ် တွေကို အလိုရှိလာပြီဖြစ် တာကြောင့် ရောင်းထုတ် ခဲ့ရတာဖြစ် တယ် လို့ သိရပါတယ် ။ ချီလီဂိုးသမားကြီးဟာ ဘာစီလိုနာ အသင်းမှာ ကစားနေစဉ် အတွင်း ချန် ပီယံလိဂ် တကြိမ် ၊ လာလီဂါ ၂ ကြိမ် ၊ ကိုပါဒယ် ရေး ၂ ကြိမ် ၊ ကမ္ဘာ့ကလပ် ချန် ပီယံ ၊ ဥရောပစူပါဖလား အစရှိတဲ့ ဆုဖလားတွေကို ရယူနိုင် ခဲ့တဲ့ အပြင် အဆိုပါ ကာလအတွင်းမှာဘဲ ချီလီ လက် ရွေးစင် အသင်းနဲ့ အတူ ကိုပါအ မေရိကဖလားကိုလည်း ၂ ကြိမ် တိုင် တိုင် ဆွတ် ခူးနိုင် ခဲ့ပါတယ် ။

ဒါပေမယ့် ဒီလိုအောင်မြင် မှုတွေ ဆက် တိုက် ရရှိနေတဲ့ အသင်းက နေ ဘရာဗို က ထွက် ခွာဖို့ အလိုရှိလာ ခဲ့တဲ့အ ကြောင်းကို ဘာကာ တာဝန် ရှိသူတွေက အခုလိုပြောပြသွားခဲ့ပါတယ် ။

“နည်းပြ က ရော အသင်းကပါ သူ့ကို ( ဘရာဗို ) မထွက် သွားစေချင် ပါဘူး ။ ဘာလို့လည်းဆိုတော့ သူက တကယ်ကောင်းတဲ့ ဂိုးသမားတ ယောက်မို့ပါ ။ ဒါပေမယ့် သူက စိတ် ပိုင်းဖြတ် ထားပြီးဖြစ် နေပါပီ ။ ဒါကြောင့် ကျွန်တော် တို့ သူ့ဆန္ဒကို လက် ခံခဲ့တာပါ”

“သူ့ကို စာချုပ် တနှစ် သက် တမ်း + တနှစ် နဲ့ စာချုပ် ဖို့ ကျွန်တော် တို့ ဆွေးနွေးခဲ့ကြပါသေးတယ် ။ ၂၀၁၈ ဆိုရင် စာချုပ် ကုန် မယ့် သူ့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ စိတ်ကြိုက် အသင်းကို ပေးပြောင်းမယ် လို့လည်း ကျွန်တော် တို့ ပြောခဲ့ပါတယ် ။ ဒါပေမယ့် သူက စိန် ခေါ်မှု အသစ်တွေကို လိုချင် နေပါပီ ။ ဒါကြောင့် ကျွန်တော် တို့ ရောင်းထုတ် ခဲ့တာပါ ။ သူ့ကို ယူရို ၁၂ သန်းနဲ့ ၀ယ် လာခဲ့ပြီး ၁၈ သန်းနဲ့ ရောင်းထုတ် ခဲ့တာပါ ။ ဒီအတွက် ကျွန်တော် တို့ နစ် နာစရာမရှိခဲ့ပါဘူး ။ နောက်ပြီး သူဟာ ကျွန်တော် တို့အသင်းမှာ လက် စွမ်းပြ ကစားနိုင် ခဲ့ ပါတယ်” လို့ ဘာစီလိုနာ တာဝန် ရှိသူတွေက ပြောဆိုသွားခဲ့ပါတယ် ။

ဘရာဗို မတိုင် မီ အသင်းက နေ ထွက် ခွာမယ် လို့ သတင်းကြီးနေခဲ့ပေမယ့် အသင်းမှာ ဆက် ကျန် နေ ခဲ့တဲ့ ဂိုးသမား စတီဂျန် က လည်း ဘရာဗို အတွက် ပရီးမီးယားလိဂ် မှာ အောင်မြင် ပါစေ ကြောင်း ဆုမွန်ကောင်း တောင်းပေးခဲ့ပါတယ် ။

နူးကမ့်ကို စွန့်ခွာသွားခဲ့ပေမယ့် ဘရာဗို ဟာ မန်စီးတီး အသင်းနဲ့ ချန် ပီယံလိဂ် ပါဝင် ကစားမှာဖြစ်တာကြောင့် တအုပ်စုတည်းကျရောက် နေတဲ့ ဘာကာ အသင်းနဲ့ ယှဉ်ပြိုင် ကစားရဖို့ နူးကမ့်ကွင်းထဲကို ပြန် လည် ရောက် ရှိလာဦးမှာဖြစ် ပါတယ် ။

ဘရာဗို ကို သတိရကြ သေးလား ဘာစီလိုနာ ပရိသတ်ကြီးတို့ရေ . . . . .

Credit – sport myanmar



ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

မက်ကင်တာရီယန်းကိုပွဲထွက်ခွင့်မပေးသေးခြင်းအပေါ်မော်ရင်ဟိုရှင်းလင်း

ဟင်းနရစ် မက်ကင်တာရီယန်း အနေဖြင့် မန်ချက်စတာ ယူနိုက်တက်တွင် အောင်မြင်မှုများ ရရှိလာမည်ဟု ယုံကြည်ကြောင်း မန်နေဂျာ ဟိုဆေးမော်ရင်ဟိုက ပြောကြားလိုက်သည်။

၎င်းက ဘိုရပ်ရှားဒေါ့တ်မန်မှ ဝယ်ယူထားသည့် အာမေးနီးယား လက်ရွေးစင် ကွင်းလယ် တိုက်စစ်သမားကို အသင်းတွင် အလောတကြီး ပွဲထုတ် အသုံးပြုဦးမည် မဟုတ်ဟုလည်း ဆိုသည်။ ပြီးခဲ့သည့် ရာသီက ဘွန်းဒစ်လီဂါ အကောင်းဆုံး ကစားသမားဆု ရရှိခဲ့သည့် မက်ကင်တာရီယန်းသည် ယူနိုက်တက်၏ တရားဝင် ပြိုင်ပွဲ သုံးရပ်စလုံးတွင် ပွဲထွက်နေရာ မရခဲ့ဘဲ အရန်လူ အဖြစ်သာ လူစားလဲလှယ် ပါဝင်ခဲ့ရသည်။ မက်ကင်တာရီယန်းကို မော်ရင်ဟိုက အသင်း၏ ညာခြမ်းတိုက်စစ်အတွက် ရည်ရွယ်၍ ဝယ်ယူထားသော်လည်း ထိုနေရာတွင် ဟွမ်မာတာကလည်း ခြေစွမ်းပြလျက် ရှိသည်။

သတင်းထောက်များက မက်ကင်တာရီယန်းကို ပွဲထွက်နေရာ မပေးခြင်းနှင့် ပတ်သက်၍ မေးမြန်းသည့်အခါ ပေါ်တူဂီသား မန်နေဂျာက “တော်တော်ခက်တဲ့ ကိစ္စပဲ။ တကယ်လို့ မာတာကို အရန်ခုံ ထားပြန်ရင်လည်း ကျွန်တော်က မာတာကို အလိုမရှိလို့ ကန်ထုတ်နေတာလား ဆိုတာမျိုး ခင်ဗျားတို့ ပြောဦးမယ်။ ကျွန်တော်က အန်တိုနီယို မာစီရယ်လ်ကို ပေးမကစားဘူးဆိုရင် သူနဲ့ ပြဿနာဖြစ်လို့၊ အက်ရှ်လေယန်းကို မသုံးရင်လည်း ယန်းကို ကျွန်တော်က မကြိုက်လို့၊ မမ်းဖစ်ဒီပေးကို မသုံးတဲ့အခါ သူ့ကို ရောင်းတော့မှာမို့လို့ ဆိုတာမျိုးတွေ ပြောကြမှာပဲ။ မက်ကင်တာရီယန်းကို ဘာကြောင့် မသုံးသလဲ ဆိုတော့ သူ့နေရာမှာ ကစားတဲ့ တခြားသူတွေက အရမ်းကောင်းနေတယ်လို့ ထင်တာကြောင့်ပါပဲ”ဟု ဖြေကြားခဲ့သည်။

၎င်းက “တချို့မန်နေဂျာတွေက ကစားသမားသစ်တစ်ယောက် ဝယ်ပြီးရင် မဖြစ်မနေ ထုတ်သုံးတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဝယ်ယူမှု မှန်ကန်ကြောင်း သူတို့ကိုယ်သူတို့ အကာအကွယ်ယူ သက်သေပြချင်တဲ့ သဘောကြောင့်ပါ။ ဒီလူကို ဝယ်တာ မှန်ပါတယ်လို့ တစ်ကမ္ဘာလုံး သိစေချင်လို့ပါ။ ကျွန်တော်ကတော့ ဟင့်အင်းပဲ။ ကျွန်တော်က ကိုယ့်အတွက်ထက် အသင်းအတွက် ဦးစားပေး စဉ်းစားတယ်။ မက်ကင်တာရီယန်းဟာ စူပါစတား ကစားသမား တစ်ယောက်မှန်း ကျွန်တော် သိပြီးသား။ အသင်းမှာ သူအောင်မြင်လိမ့်မယ်။ ဒါပေမဲ့ သူ့ကို ပွဲတိုင်း ထည့်သုံးဖို့ အလောတကြီး ကျွန်တော် လုပ်နေမှာ မဟုတ်ဘူး။ သူသိပ်ကောင်းကြောင်း လူတိုင်းမြင်အောင် အသည်းအသန် ပြနေမှာလည်း မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် မက်ကင်တာရီယန်းကလည်း အသင်းမှာ ကစားဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ဒီတော့ သိပ်မကြာခင် ပွဲထွက်ကောင်း ပွဲထွက်လာပါလိမ့်မယ်”ဟုလည်း ပြောဆိုသွားသည်။

Credit – sport myanmar


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

ဖီအိုရင်တီးနားဘယ်နောက်ခံလူအလွန်ဆိုကိုချိန်ရွယ်လာသည့်ချယ်လ်ဆီး


ဈေးကွက်ထဲတွင် ပစ်မှတ် ကစားသမားများကို လက်တွေ့ ခေါ်ယူရန် အခက်အခဲများ ဆက်တိုက် ကြုံခဲ့သည့်နောက် ချယ်လ်ဆီးသည် ဘော်လ်တန်နှင့် ဆန်းဒါးလန်း ခံစစ်မှူးဟောင်း မားကို့စ် အလွန်ဆိုကို ချိန်ရွယ်လာကြောင်း သိရသည်။

ချယ်လ်ဆီး မန်နေဂျာ အန်တိုနီယို ကွန်တီသည် ဗဟိုခံစစ်သမား တစ်ဦးကို ရှာဖွေလျက် ရှိသော်လည်း မအောင်မြင်သည့်နောက် ဖီအိုရင်တီးနားတွင် ကစားနေသည့် အသက်(၂၅)နှစ်အရွယ် စွယ်စုံရ ဘယ်ခြမ်းခံစစ်သမား အလွန်ဆိုကို စိတ်ဝင်စားလာခြင်း ဖြစ်သည်။ အကယ်၍ အလွန်ဆိုကို ဘယ်ခြမ်းတွင် အသုံးပြုပါက လက်ရှိ ဘယ်ခြမ်းခံစစ်သမား ဆီဇာ အက်ဇ်ပီလီကွိုင်တာကို ညာဘက်ပြောင်းပြီး ညာခြမ်းမှ ဘရာနီဆလက်ဗ် အိုင်ဗန်နိုဗစ်ကို ဗဟိုခံစစ်တွင် အသုံးပြုရန် ကွန်တီက ဆန္ဒရှိနေသည်။

ရီးယဲလ်မက်ဒရစ်တွင် ပရော်ဖက်ရှင်နယ် ကစားသမားဘဝ စတင်ခဲ့သည့် စပိန်ကစားသမားသည် ဘော်လ်တန်၊ ဆန်းဒါးလန်း အစရှိသည့် အသင်းများ၌ အငှားလာရောက် ကစားဖူးသည်။ ပြီးခဲ့သည့် ရာသီကမူ အီတလီ စီးရီးအေ ကလပ်အတွက် (၃၁)ပွဲထိ ကစားခွင့် ရခဲ့ပြီး (၃)ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၄)ကြိမ် ပြုလုပ်နိုင်ခဲ့သလို စီးရီးအေ၏ အကောင်းဆုံး ခံစစ်ကြောင်းများအနက် တစ်ခုတွင် အစိတ်အပိုင်းအဖြစ် ပါဝင်ခဲ့သည်။ ချယ်လ်ဆီးသည် အေစီမီလန်မှ အီတလီ လူငယ်ခြေတက် ခံစစ်မှူးလေး အလက်စီယို ရိုမက်ဂ်နိုလီနှင့် နာပိုလီမှ ကာလီဒူ ကူလီဘာလီတို့ကို အဓိက ချိတ်ဆက်ခဲ့သော်လည်း အဆင်မပြေခဲ့ချေ။

ဈေးကွက်ပိတ်ရန် အချိန် တဖြည်းဖြည်း နီးကပ်လာသည့်နောက် ကွန်တီက လူသစ်ဖြည့်တင်းရေး ဗျူဟာကို ပြောင်းလဲကာ ဘယ်ခြမ်းခံစစ်ကို အားဖြည့်ပြီး ဗဟိုနောက်ခံလူ နေရာ၌ အိုင်ဗန်နိုဗစ်ကို အသုံးပြုရန် မဖြစ်မနေ စဉ်းစားလာရသည်။ ၎င်းက “ဒီဈေးကွက် အနေအထားက တစ်ခုခုကို ယုံကြည်ထားဖို့ဆိုတာ အင်မတန် ခက်လွန်းတယ်။ ကျွန်တော့်မှာ ပစ်မှတ် ကစားသမားတချို့ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကစားသမားတွေကို ဝယ်ဖို့က အရမ်းခက်နေတယ်။ ဈေးကွက် မပိတ်ခင်တော့ နောက်ထပ် ကစားသမားတချို့ ထပ်ရလာဖို့ မျှော်လင့်ပါတယ်”ဟု ပြောကြားခဲ့သည်။

လက်ရှိ ချယ်လ်ဆီး ခံစစ်ကြောင်းတွင် စီနီယာ ကစားသမားဆို၍ အိုင်ဗန်နိုဗစ်၊ အက်ဇ်ပီလီကွိုင်တာတို့အပြင် ဂျွန်တယ်ရီနှင့် ဂယ်ရီကာဟေးလ်တို့သာ ရှိနေပြီး ကက်ဇူးမားက ဒဏ်ရာကြောင့် လအတန်ကြာ အနားယူနေရဆဲ ဖြစ်သည်။ ထို့ကြောင့် ကွန်တီသည် လူငယ်အသင်းမှ အိုလာ အိုင်နာကိုပင် ပထမအသင်းသို့ ခေါ်ယူထားရသည်။ ချယ်လ်ဆီး၏ အခြားခံစစ်သမားများ ဖြစ်ကြသည့် ဘာဘာရာမန်၊ နသန်အကီ၊ မိုက်ကယ်ဟက်တာ၊ တိုမက်စ်ကာလက်စ်နှင့် အန်းဒရက်စ် ခရစ္စတန်ဆန်တို့ အားလုံးမှာ လတ်တလောတွင် အငှားထွက် ကစားလျက် ရှိကြသည်။

Credit – soccer myanmar


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

အီတလီစီးရီးအေပွဲကြိုသုံးသပ်ချက်

ဂျူဗင်တပ်စ် နှင့် လာဇီယို (စနေည ၁၀း၃၀ နာရီ)

၂၀၁၅-၁၆ ဂျူဗင်တပ်စ် ၂-၀ လာဇီယို
၂၀၁၅-၁၆ လာဇီယို ၀-၂ ဂျူဗင်တပ်စ်
၂၀၁၅-၁၆ လာဇီယို ၀-၁ ဂျူဗင်တပ်စ်
၂၀၁၅-၁၆ ဂျူဗင်တပ်စ် ၃-၀ လာဇီယို

လာဇီယိုက အတ္တလန်တာနဲ့ပွဲမှာ အပြန်အလှန်သွင်းဂိုး (၇)ဂိုးနဲ့ စိတ်လှုပ်ရှားစရာနိုင်ပွဲကို ရယူနိုင်ခဲ့တယ်။ တိုက်စစ်က (၄)ဂိုးရခဲ့ပေမယ့် ပုံမှန်ကစားဟန်ပဲရှိတယ်။ အခွင့်အရေးတွေ အသုံးချနိုင်လို့သာ ဂိုးရခဲ့တာ။
ဒီပုံစံနဲ့ ဂျူဗင်တပ်စ်ကို ယှဉ်ကစားလို့မရနိုင်ဘူး။ ဂျူဗင်တပ်စ်ရဲ့ ကစားပုံက အကောင်းဆုံးအနေအထားမှာ ရှိနေဆဲပဲ။
ဂျူဗင်တပ်စ်ပဲနိုင်မယ်။

နာပိုလီ နှင့် အေစီမီလန် (တနင်္ဂနွေနံနက် ၁း၁၅ နာရီ)
၂၀၁၂-၁၃ နာပိုလီ ၂-၂ အေစီမီလန်
အေစီမီလန် ၁-၁ နာပိုလီ
၂၀၁၃-၁၄ အေစီမီလန် ၁-၂ နာပိုလီ
နာပိုလီ ၃-၁ အေစီမီလန်
၂၀၁၄-၁၅ အေစီမီလန် ၂-၀ နာပိုလီ
နာပိုလီ ၃-၀ အေစီမီလန်
၂၀၁၅-၁၆ အေစီမီလန် ၀-၄ နာပိုလီ
နာပိုလီ ၁-၁ အေစီမီလန်

နာပိုလီက အဖွင့်ပွဲစဉ်မှာ စိတ်ပျက်စရာ အနေအထားကို ပြသခဲ့တယ်။ တန်းတက်အသင်းရဲ့ ကွင်းမှာ ဘောလုံးပိုင်ဆိုင် ခွင့်ကလွဲပြီး ဘယ်လိုမှ ထိရောက်မှုမရှိတဲ့ ကစားဟန်နဲ့ ကစားခဲ့တယ်။ ဟီဂွါအင်မရှိတဲ့တိုက်စစ်က အရှိန်အ၀ါမရှိဘူး။ အင် ဆစ်ဂ်နီလို ကစားသမားမျိုးကို တိုက်စစ်မှာ ပုံမှန်နေရာပေးနေရင်တော့ နာပိုလီ ရေရှည်မှာ ဒုက္ခရောက်နိုင်တယ်။ ပက်စ်ကာ ရာနဲ့ ပွဲမှာ ကစားခဲ့တဲ့ ဒုတိယပိုင်းလူစာရင်းက နာပိုလီကို အတိုင်းအတာတစ်ခုအထိ တည့်မတ်စေလိမ့်မယ်။ မီလစ်ခ်၊ မာတင်စ်၊ ဇီလင်စကီးတို့ ၀င်လာတဲ့အချိန်မှာ လုပ်အားနှုန်း၊ ကစားကွက်၊ ဖန်တီးမှု ဘာမှ အပြစ်ဆိုစရာမရှိခဲ့ဘူး။ အေစီမီလန်ကလည်း တိုရီနိုကို နိုင်ခဲ့ပေမယ့် ကစားကွက်မရှိဘူး။ ကားလို့စ်ဘက်ကာနဲ့ နီယန်းတို့တိုက်စစ်အတွဲကြောင့်သာ အလုပ်ဖြစ်တာပါ။
နာ ပိုလီသာ လူမှန်နေရာမှန်နဲ့ ပွဲထွက်လာခဲ့ရင် အေစီမီလန်ကို ခပ်လွယ်လွယ်နိုင်မှာပါ။

- နာပိုလီအသင်းသည် ၂၀၁၅ အောက်တိုဘာမှစ၍ စီးရီးအေအိမ်ကွင်းပွဲစဉ်များတွင် ရှုံးပွဲမရှိခဲ့ဘဲ (၁၆)ပွဲအထိနိုင်ပွဲရရှိခဲ့ကာ (၂)ပွဲသာ သရေရ လဒ်ထွက်ပေါ် ခဲ့သည်။
- အေစီမီလန်အသင်းသည် စီးရီးအေ နောက်ဆုံး (၅)ပွဲတွင် (၄)ပွဲမှာ (၂)သင်းပေါင်းသွင်းဂိုး (၃)ဂိုးနှင့်အထက်တွင်ရှိခဲ့သည်။

Credit – eleven sport 


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

ဘွန်ဒက်လီဂါပွဲစဉ်(၁)ပွဲကြိုသုံးသပ်ချက်


ဒေါ့မွန် နှင့် မိန့်ဇ် (စနေည ၈း၀၀ နာရီ)

ဒေါ့မွန်က ဖလားပွဲ(၂)ပွဲမှာ ဂေါ့ဇီကို ခေါက်ထားခဲ့တယ်။ အခုပွဲ တိုက်စစ်အခင်းအကျင်းကလည်း အူဘာမီယန်းကို အ ထောင်ထားပြီး ရှိုလာ၊ ကာဂါဝါ၊ ဒမ်ဘီလီတို့နဲ့ ပွဲထွက်လာဖို့များပါတယ်။ 
မိန့်ဇ်အသင်းမှာ ကာရီယပ်စ်၊ ဘောင်ဂတ်လင်ဂါတို့ ထွက်သွားပေမယ့် သိပ်တော့အားလျော့သွားဖို့မရှိဘူး။ ဒေါ့မွန် (၂-၁)၊ (၂-၀)ပဲဖြစ်ဖို့များတယ်။

ကိုလုံး နှင့် ဒမ်းစတက်ဒ် (စနေည ၈း၀၀ နာရီ)

ဒမ်းစတက်ဒ်အသင်း အပြောင်းအရွှေ့ဈေးကွက်ထဲမှာ အတော်လေးအလုပ်ရှုပ်ခဲ့တယ်။ ခေါ်ထားတဲ့ကစားသမားတွေ က အိုဘင်နာ၊ ဖီဒက်စကီးတို့လို အကျပိုင်း ရောက်နေသူတွေပဲ များပါတယ်။ ကိုလုံးကတော့ ပြီးခဲ့တဲ့ရာသီက အသင်းထက် ပိုတောင့်တင်းလာဖို့ရှိတယ်။ ဒမ်းစတက်ဒ်အသင်း ပြီးခဲ့တဲ့ရာသီ ကလိုကိုလုံးကွင်းမှာ ဂိုးပြတ်မရှုံးရင်ဘဲ ကျေနပ်ရမှာပါ။

ဟမ်းဘတ် နှင့် အင်ဂိုးလ်စတက်ဒ် (စနေည ၈း၀၀နာရီ)

ဟမ်းဘတ်အနေနဲ့ ပြီးခဲ့တဲ့ရာသီကအသင်းထက် ပိုထူး ခြားလာဖို့မရှိဘူး။ ဒါပေမဲ့ အင်ဂိုးလ်စတက်ဒ်အသင်းနဲ့ ထိပ် တိုက်တွေ့ဆုံမှုတွေမှာ ဟမ်းဘတ် ရှုံးပွဲမရှိခဲ့တာက အခုပွဲရလဒ် ပိုင်းအတွက် သက်ရောက်မှုရှိနေနိုင်တယ်။ ဟမ်းဘတ် အနိမ့် ဆုံးသရေကစားလိမ့်မယ်။

အော့စ်ဘတ် နှင့် ၀ုလ်ဖ်ဘတ် (စနေည ၈း၀၀ နာရီ)

ဝုလ်ဖ်ဘတ်က နွေရာသီမှာအပြောင်းအလဲ အတော်များ နေတယ်။ နယ်လ်ဒို၊ ဒန်တေတို့လို ၀ါရင့်တွေ ထွက်သွားတဲ့ အသင်းနောက်တန်းကတော့ အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ် လာနိုင်တယ်။ အော့စ်ဘတ်ကွင်းမှာလည်း အိမ်ရှင်အသင်းက ပဲ အသာရတာများတယ်။ ရာသီအဖွင့်ပွဲဖြစ်လို့ ပရိသတ်အားရှိ တဲ့ အော့စ်ဘတ်ကိုပဲ ရွေးချယ်ချင်တယ်။

ဖရန့်ဖတ် နှင့် ရှော်လ်ကေး (စနေည ၈း၀၀ နာရီ)

ဝါရင့်ကစားသမားတွေ ထွက်သွားတဲ့ ဖရန့်ဖတ်ကွင်း လယ်ပိုင်းမှာ ချက်ချင်းအစားထိုးဖို့မလွယ်ဘူး။ ပြန်ဖြည့်ထားတာ ကလည်း ဥရောပထိပ်သီးအသင်းတွေက လူငယ်တွေကို အငှား နဲ့ခေါ်ထားတာပဲများတယ်။ ရှော်လ်ကေးရဲ့ အဝေးကွင်းခြေစွမ်း ကလည်း ယုံစားလို့မရတဲ့ စာရင်းထဲမှာပါပြီး ရာသီအစမှာအသား ကျဖို့ ခက်နိုင်တယ်။ သရေကျဖို့များလို့ အိမ်ရှင်ကို ပိုကြိုက်တယ်။

မိုချန်ဂလာဘတ် နှင့် လေဗာကူဆင် (စနေည ၁၁း၀၀ နာရီ)

မိုချန်ဂလာဘတ်က ချာကာ၊ နော့ဗစ်တို့ ထွက်သွားတဲ့ ကွင်းလယ်မှာ အငှားလာကစားဖူးတဲ့ ခရမ်မာနဲ့ အစားထိုးထား တယ်။ ပြီးခဲ့တဲ့ရာသီအစမှာ ရုန်းကန်ခဲ့ရတဲ့ မိုချန်ဂလာဘတ် ရာသီသစ်မှာလည်း ကွင်းလယ်အထိုင်သစ်ဖြစ်နေလို့ အသားမ ကျနိုင်သေးဘူး။ အမာခံကစားသမားအများစု ဆက်ထိန်းထားတဲ့ လေဗာကူဆင် မရှုံးနိုင်ဘူး။

Credit – eleven sport myanmar


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

လာလီဂါပွဲစဉ် (၂)အကြိုသုံးသပ်ချက်


အိုဆာဆူနာ နှင့် ဆိုစီဒက် (စနေည ၁၀း၄၅ နာရီ)

အဖွင့်ပွဲစဉ်မှာပဲ မာလာဂါကိုအဝေးကွင်းမှာသရေကစား ပြီး အိုဆာဆူနာစိတ်ဓာတ်ပိုင်းမြှင့်တင်ထားနိုင်တယ်။ ဆိုစီဒက် ကတော့ကစားပုံမဆိုးလှပေမယ့် အဆုံးသတ်တိုက်စစ်ပိုင်းအား နည်းနေတယ်။ အိမ်ရှင်အိုဆာဆူနာနဲ့ ဂိုးအနည်းပဲကောင်းမယ်။

အီဘာ နှင့် ဗလင်စီယာ (စနေည ၁၀း၄၅ နာရီ)

အီဘာကွင်းမှာတော့ ဗလင်စီယာကို သိပ်ယုံစားထားလို့ မဖြစ်ဘူး။ ကစားသမားတွေထုတ်ရောင်းပြီး ငွေရှာထားတဲ့ ဗလင် စီယာအတွက် အင်အားဖြည့်တင်းနိုင်မှုကလည်း သိပ်မရှိဘူး။ ဂိုးနည်းပြီး သရေကျသွားမယ့်ပွဲလို့ပဲ မှန်းထားချင်တယ်။

ရီးယဲလ် နှင့် ဆယ်လ်တာဗီဂို (စနေည ၁၂း၄၅ နာရီ)

ဆယ်လ်တာဗီဂိုရဲ့ ရာသီအကြိုရလဒ်ပိုင်းတွေကတော့ အားရစရာသိပ်မရှိလှပါဘူး။ အသင်းကနိုလီတိုလိုကစားသမား မျိုးကို လက်လွှတ်ထားရပြီးအင်အားပြန်ဖြည့်မှုမျိုးလည်း သိပ်မလုပ်ထားနိုင်ဘူး။ ဒါပေမဲ့ လာလီဂါရာသီအစပွဲတွေဆိုရင်တော့ ဆယ်လ်တာဗီဂိုအရှိန်ကောင်းကောင်းနဲ့ပွဲထွက်လာလေ့ရှိတတ်တာကိုတော့ သတိထားရလိမ့်မယ်ထင်တယ်။ ရီးယဲလ်မက်ဒရစ် ကတော့ဒဏ်ရာရသူတွေများနေပေမယ့် ပွဲအနိုင်ရအောင်ဘယ်လိုကစားရမလဲဆိုတာကျွမ်းကျင်လာသလိုပါပဲ။ ပွဲဦးထွက်ဆိုစီ ဒက်ကွင်းမှာလည်း အိမ်ရှင်ကို (၃-၀)နဲ့ဂိုးပြတ်အနိုင်ယူထားနိုင်လို့ ယုံကြည်မှုလည်းရှိနေနိုင်တယ်။ စီရော်နယ်လ်ဒို၊ ဘန်ဇီမာ တို့မကစားနိုင်သေးပေမယ့် မိုရာတာ၊ အဆန်ဆီယိုတို့လိုလူငယ်ကစားသမားတွေနဲ့ ရီးယဲလ်တိုက်စစ်က အသက်ဝင်နေဆဲဆို တာ ဆိုစီဒက်နဲ့ပွဲမှာ ထုတ်ပြနိုင်ခဲ့တယ်။ ပြီးခဲ့တဲ့ရာသီကလည်း ဇီဒန်းလက်ထက်အိမ်ကွင်းမှာ တိုက်စစ်အစွမ်းပုံမှန်ပြနိုင်လေ့ ရှိသလို ဆယ်လ်တာဗီဂိုကို အိမ်ကွင်းမှာ (၇-၁)ဂိုးနဲ့ပြတ်ပြတ်သားသားအနိုင်ယူထားနိုင်တာလည်းတွေ့ရတယ်။ ဒီရာသီမှာယုံ ကြည်မှုအားပိုကောင်းလာတဲ့ ရီးယဲလ်အတွက် ဆယ်လ်တာဗီဂိုနဲ့ပွဲဟာအခက်အခဲမရှိပါဘူး။ ရီးယဲလ်နဲ့ ဂိုးအများပဲရွေးထားတယ်။

လီဟာနက်စ် နှင့် အက်သလက်တီကို (တနင်္ဂနွေနံနက် ၂း၄၅ နာရီ)

ဒီရာသီတန်းတက်အသင်းတွေရဲ့ခြေစွမ်းကိုလျှော့တွက် လို့မရပေမယ့် ပွဲဦးသရေကျထားလို့အက်သလက်တီကို ဒီပွဲကို အားပြုကစားလာတော့မှာပါ။ ဒါပေမဲ့ အက်သလက်တီကိုတိုက်စစ် ကိုယုံထားလို့မရဘူး။ 
လီဟာနက်စ်နဲ့ ဂိုးအနည်းပဲကြိုက်တယ်။

Credit – eleven sport 


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246