Saturday, August 27, 2016

ဘွန်ဒက်လီဂါပွဲစဉ်(၁)ပွဲကြိုသုံးသပ်ချက်


ဒေါ့မွန် နှင့် မိန့်ဇ် (စနေည ၈း၀၀ နာရီ)

ဒေါ့မွန်က ဖလားပွဲ(၂)ပွဲမှာ ဂေါ့ဇီကို ခေါက်ထားခဲ့တယ်။ အခုပွဲ တိုက်စစ်အခင်းအကျင်းကလည်း အူဘာမီယန်းကို အ ထောင်ထားပြီး ရှိုလာ၊ ကာဂါဝါ၊ ဒမ်ဘီလီတို့နဲ့ ပွဲထွက်လာဖို့များပါတယ်။ 
မိန့်ဇ်အသင်းမှာ ကာရီယပ်စ်၊ ဘောင်ဂတ်လင်ဂါတို့ ထွက်သွားပေမယ့် သိပ်တော့အားလျော့သွားဖို့မရှိဘူး။ ဒေါ့မွန် (၂-၁)၊ (၂-၀)ပဲဖြစ်ဖို့များတယ်။

ကိုလုံး နှင့် ဒမ်းစတက်ဒ် (စနေည ၈း၀၀ နာရီ)

ဒမ်းစတက်ဒ်အသင်း အပြောင်းအရွှေ့ဈေးကွက်ထဲမှာ အတော်လေးအလုပ်ရှုပ်ခဲ့တယ်။ ခေါ်ထားတဲ့ကစားသမားတွေ က အိုဘင်နာ၊ ဖီဒက်စကီးတို့လို အကျပိုင်း ရောက်နေသူတွေပဲ များပါတယ်။ ကိုလုံးကတော့ ပြီးခဲ့တဲ့ရာသီက အသင်းထက် ပိုတောင့်တင်းလာဖို့ရှိတယ်။ ဒမ်းစတက်ဒ်အသင်း ပြီးခဲ့တဲ့ရာသီ ကလိုကိုလုံးကွင်းမှာ ဂိုးပြတ်မရှုံးရင်ဘဲ ကျေနပ်ရမှာပါ။

ဟမ်းဘတ် နှင့် အင်ဂိုးလ်စတက်ဒ် (စနေည ၈း၀၀နာရီ)

ဟမ်းဘတ်အနေနဲ့ ပြီးခဲ့တဲ့ရာသီကအသင်းထက် ပိုထူး ခြားလာဖို့မရှိဘူး။ ဒါပေမဲ့ အင်ဂိုးလ်စတက်ဒ်အသင်းနဲ့ ထိပ် တိုက်တွေ့ဆုံမှုတွေမှာ ဟမ်းဘတ် ရှုံးပွဲမရှိခဲ့တာက အခုပွဲရလဒ် ပိုင်းအတွက် သက်ရောက်မှုရှိနေနိုင်တယ်။ ဟမ်းဘတ် အနိမ့် ဆုံးသရေကစားလိမ့်မယ်။

အော့စ်ဘတ် နှင့် ၀ုလ်ဖ်ဘတ် (စနေည ၈း၀၀ နာရီ)

ဝုလ်ဖ်ဘတ်က နွေရာသီမှာအပြောင်းအလဲ အတော်များ နေတယ်။ နယ်လ်ဒို၊ ဒန်တေတို့လို ၀ါရင့်တွေ ထွက်သွားတဲ့ အသင်းနောက်တန်းကတော့ အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ် လာနိုင်တယ်။ အော့စ်ဘတ်ကွင်းမှာလည်း အိမ်ရှင်အသင်းက ပဲ အသာရတာများတယ်။ ရာသီအဖွင့်ပွဲဖြစ်လို့ ပရိသတ်အားရှိ တဲ့ အော့စ်ဘတ်ကိုပဲ ရွေးချယ်ချင်တယ်။

ဖရန့်ဖတ် နှင့် ရှော်လ်ကေး (စနေည ၈း၀၀ နာရီ)

ဝါရင့်ကစားသမားတွေ ထွက်သွားတဲ့ ဖရန့်ဖတ်ကွင်း လယ်ပိုင်းမှာ ချက်ချင်းအစားထိုးဖို့မလွယ်ဘူး။ ပြန်ဖြည့်ထားတာ ကလည်း ဥရောပထိပ်သီးအသင်းတွေက လူငယ်တွေကို အငှား နဲ့ခေါ်ထားတာပဲများတယ်။ ရှော်လ်ကေးရဲ့ အဝေးကွင်းခြေစွမ်း ကလည်း ယုံစားလို့မရတဲ့ စာရင်းထဲမှာပါပြီး ရာသီအစမှာအသား ကျဖို့ ခက်နိုင်တယ်။ သရေကျဖို့များလို့ အိမ်ရှင်ကို ပိုကြိုက်တယ်။

မိုချန်ဂလာဘတ် နှင့် လေဗာကူဆင် (စနေည ၁၁း၀၀ နာရီ)

မိုချန်ဂလာဘတ်က ချာကာ၊ နော့ဗစ်တို့ ထွက်သွားတဲ့ ကွင်းလယ်မှာ အငှားလာကစားဖူးတဲ့ ခရမ်မာနဲ့ အစားထိုးထား တယ်။ ပြီးခဲ့တဲ့ရာသီအစမှာ ရုန်းကန်ခဲ့ရတဲ့ မိုချန်ဂလာဘတ် ရာသီသစ်မှာလည်း ကွင်းလယ်အထိုင်သစ်ဖြစ်နေလို့ အသားမ ကျနိုင်သေးဘူး။ အမာခံကစားသမားအများစု ဆက်ထိန်းထားတဲ့ လေဗာကူဆင် မရှုံးနိုင်ဘူး။

Credit – eleven sport myanmar


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments:

Post a Comment