ဘာစိလိုနာအသင်းရဲ့ ချီလီဂိုးသမား ဘရာဗို ဟာ မန်စီးတီး အသင်းဆီကို ဘာကြောင့်ပြောင်းရွှေ့သွားရသလဲ ဆိုတာ ကို ဘာစီလိုနာ အသင်းက ထုတ် ဖော် ပြောဆိုသွားခဲ့ပါတယ် ။
အသင်းတာဝန် ရှိသူတွေက ဘရာဗို ကို ဆက် ရှိနေ စေလိုပေမယ့် ကာယကံရှင် က စိန်ခေါ်မှုအသစ် တွေကို အလိုရှိလာပြီဖြစ် တာကြောင့် ရောင်းထုတ် ခဲ့ရတာဖြစ် တယ် လို့ သိရပါတယ် ။ ချီလီဂိုးသမားကြီးဟာ ဘာစီလိုနာ အသင်းမှာ ကစားနေစဉ် အတွင်း ချန် ပီယံလိဂ် တကြိမ် ၊ လာလီဂါ ၂ ကြိမ် ၊ ကိုပါဒယ် ရေး ၂ ကြိမ် ၊ ကမ္ဘာ့ကလပ် ချန် ပီယံ ၊ ဥရောပစူပါဖလား အစရှိတဲ့ ဆုဖလားတွေကို ရယူနိုင် ခဲ့တဲ့ အပြင် အဆိုပါ ကာလအတွင်းမှာဘဲ ချီလီ လက် ရွေးစင် အသင်းနဲ့ အတူ ကိုပါအ မေရိကဖလားကိုလည်း ၂ ကြိမ် တိုင် တိုင် ဆွတ် ခူးနိုင် ခဲ့ပါတယ် ။
ဒါပေမယ့် ဒီလိုအောင်မြင် မှုတွေ ဆက် တိုက် ရရှိနေတဲ့ အသင်းက နေ ဘရာဗို က ထွက် ခွာဖို့ အလိုရှိလာ ခဲ့တဲ့အ ကြောင်းကို ဘာကာ တာဝန် ရှိသူတွေက အခုလိုပြောပြသွားခဲ့ပါတယ် ။
“နည်းပြ က ရော အသင်းကပါ သူ့ကို ( ဘရာဗို ) မထွက် သွားစေချင် ပါဘူး ။ ဘာလို့လည်းဆိုတော့ သူက တကယ်ကောင်းတဲ့ ဂိုးသမားတ ယောက်မို့ပါ ။ ဒါပေမယ့် သူက စိတ် ပိုင်းဖြတ် ထားပြီးဖြစ် နေပါပီ ။ ဒါကြောင့် ကျွန်တော် တို့ သူ့ဆန္ဒကို လက် ခံခဲ့တာပါ”
“သူ့ကို စာချုပ် တနှစ် သက် တမ်း + တနှစ် နဲ့ စာချုပ် ဖို့ ကျွန်တော် တို့ ဆွေးနွေးခဲ့ကြပါသေးတယ် ။ ၂၀၁၈ ဆိုရင် စာချုပ် ကုန် မယ့် သူ့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ စိတ်ကြိုက် အသင်းကို ပေးပြောင်းမယ် လို့လည်း ကျွန်တော် တို့ ပြောခဲ့ပါတယ် ။ ဒါပေမယ့် သူက စိန် ခေါ်မှု အသစ်တွေကို လိုချင် နေပါပီ ။ ဒါကြောင့် ကျွန်တော် တို့ ရောင်းထုတ် ခဲ့တာပါ ။ သူ့ကို ယူရို ၁၂ သန်းနဲ့ ၀ယ် လာခဲ့ပြီး ၁၈ သန်းနဲ့ ရောင်းထုတ် ခဲ့တာပါ ။ ဒီအတွက် ကျွန်တော် တို့ နစ် နာစရာမရှိခဲ့ပါဘူး ။ နောက်ပြီး သူဟာ ကျွန်တော် တို့အသင်းမှာ လက် စွမ်းပြ ကစားနိုင် ခဲ့ ပါတယ်” လို့ ဘာစီလိုနာ တာဝန် ရှိသူတွေက ပြောဆိုသွားခဲ့ပါတယ် ။
ဘရာဗို မတိုင် မီ အသင်းက နေ ထွက် ခွာမယ် လို့ သတင်းကြီးနေခဲ့ပေမယ့် အသင်းမှာ ဆက် ကျန် နေ ခဲ့တဲ့ ဂိုးသမား စတီဂျန် က လည်း ဘရာဗို အတွက် ပရီးမီးယားလိဂ် မှာ အောင်မြင် ပါစေ ကြောင်း ဆုမွန်ကောင်း တောင်းပေးခဲ့ပါတယ် ။
နူးကမ့်ကို စွန့်ခွာသွားခဲ့ပေမယ့် ဘရာဗို ဟာ မန်စီးတီး အသင်းနဲ့ ချန် ပီယံလိဂ် ပါဝင် ကစားမှာဖြစ်တာကြောင့် တအုပ်စုတည်းကျရောက် နေတဲ့ ဘာကာ အသင်းနဲ့ ယှဉ်ပြိုင် ကစားရဖို့ နူးကမ့်ကွင်းထဲကို ပြန် လည် ရောက် ရှိလာဦးမှာဖြစ် ပါတယ် ။
ဘရာဗို ကို သတိရကြ သေးလား ဘာစီလိုနာ ပရိသတ်ကြီးတို့ရေ . . . . .
Credit – sport myanmar
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
No comments:
Post a Comment