အိုဆာဆူနာ နှင့် ဆိုစီဒက် (စနေည ၁၀း၄၅ နာရီ)
အဖွင့်ပွဲစဉ်မှာပဲ မာလာဂါကိုအဝေးကွင်းမှာသရေကစား ပြီး အိုဆာဆူနာစိတ်ဓာတ်ပိုင်းမြှင့်တင်ထားနိုင်တယ်။ ဆိုစီဒက် ကတော့ကစားပုံမဆိုးလှပေမယ့် အဆုံးသတ်တိုက်စစ်ပိုင်းအား နည်းနေတယ်။ အိမ်ရှင်အိုဆာဆူနာနဲ့ ဂိုးအနည်းပဲကောင်းမယ်။
အီဘာ နှင့် ဗလင်စီယာ (စနေည ၁၀း၄၅ နာရီ)
အီဘာကွင်းမှာတော့ ဗလင်စီယာကို သိပ်ယုံစားထားလို့ မဖြစ်ဘူး။ ကစားသမားတွေထုတ်ရောင်းပြီး ငွေရှာထားတဲ့ ဗလင် စီယာအတွက် အင်အားဖြည့်တင်းနိုင်မှုကလည်း သိပ်မရှိဘူး။ ဂိုးနည်းပြီး သရေကျသွားမယ့်ပွဲလို့ပဲ မှန်းထားချင်တယ်။
ရီးယဲလ် နှင့် ဆယ်လ်တာဗီဂို (စနေည ၁၂း၄၅ နာရီ)
ဆယ်လ်တာဗီဂိုရဲ့ ရာသီအကြိုရလဒ်ပိုင်းတွေကတော့ အားရစရာသိပ်မရှိလှပါဘူး။ အသင်းကနိုလီတိုလိုကစားသမား မျိုးကို လက်လွှတ်ထားရပြီးအင်အားပြန်ဖြည့်မှုမျိုးလည်း သိပ်မလုပ်ထားနိုင်ဘူး။ ဒါပေမဲ့ လာလီဂါရာသီအစပွဲတွေဆိုရင်တော့ ဆယ်လ်တာဗီဂိုအရှိန်ကောင်းကောင်းနဲ့ပွဲထွက်လာလေ့ရှိတတ်တာကိုတော့ သတိထားရလိမ့်မယ်ထင်တယ်။ ရီးယဲလ်မက်ဒရစ် ကတော့ဒဏ်ရာရသူတွေများနေပေမယ့် ပွဲအနိုင်ရအောင်ဘယ်လိုကစားရမလဲဆိုတာကျွမ်းကျင်လာသလိုပါပဲ။ ပွဲဦးထွက်ဆိုစီ ဒက်ကွင်းမှာလည်း အိမ်ရှင်ကို (၃-၀)နဲ့ဂိုးပြတ်အနိုင်ယူထားနိုင်လို့ ယုံကြည်မှုလည်းရှိနေနိုင်တယ်။ စီရော်နယ်လ်ဒို၊ ဘန်ဇီမာ တို့မကစားနိုင်သေးပေမယ့် မိုရာတာ၊ အဆန်ဆီယိုတို့လိုလူငယ်ကစားသမားတွေနဲ့ ရီးယဲလ်တိုက်စစ်က အသက်ဝင်နေဆဲဆို တာ ဆိုစီဒက်နဲ့ပွဲမှာ ထုတ်ပြနိုင်ခဲ့တယ်။ ပြီးခဲ့တဲ့ရာသီကလည်း ဇီဒန်းလက်ထက်အိမ်ကွင်းမှာ တိုက်စစ်အစွမ်းပုံမှန်ပြနိုင်လေ့ ရှိသလို ဆယ်လ်တာဗီဂိုကို အိမ်ကွင်းမှာ (၇-၁)ဂိုးနဲ့ပြတ်ပြတ်သားသားအနိုင်ယူထားနိုင်တာလည်းတွေ့ရတယ်။ ဒီရာသီမှာယုံ ကြည်မှုအားပိုကောင်းလာတဲ့ ရီးယဲလ်အတွက် ဆယ်လ်တာဗီဂိုနဲ့ပွဲဟာအခက်အခဲမရှိပါဘူး။ ရီးယဲလ်နဲ့ ဂိုးအများပဲရွေးထားတယ်။
လီဟာနက်စ် နှင့် အက်သလက်တီကို (တနင်္ဂနွေနံနက် ၂း၄၅ နာရီ)
ဒီရာသီတန်းတက်အသင်းတွေရဲ့ခြေစွမ်းကိုလျှော့တွက် လို့မရပေမယ့် ပွဲဦးသရေကျထားလို့အက်သလက်တီကို ဒီပွဲကို အားပြုကစားလာတော့မှာပါ။ ဒါပေမဲ့ အက်သလက်တီကိုတိုက်စစ် ကိုယုံထားလို့မရဘူး။
လီဟာနက်စ်နဲ့ ဂိုးအနည်းပဲကြိုက်တယ်။
Credit – eleven sport
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
No comments:
Post a Comment