Thursday, October 22, 2015

ရီးရဲလ်ကို ဂိုးသွင်းပါက ဒီမာရီယာ အောင်ပွဲခံမည်မဟုတ်

ပီအက်စ်ဂျီအသင်း ကွင်းလယ်တောင်ပံ ကစားသမား ဒီမာရီယာက မိမိအနေဖြင့် အသင်းဟောင်း ရီးရဲလ်နှင့် ရင်ဆိုင်ရမည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဂိုးသွင်းယူနိုင်ခဲ့ပါက အောင်ပွဲခံသွားမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ပီအက်စ်ဂျီနှင့် ရီးရဲလ်တို့သည် လာမည့်ဗုဒ္ဓဟူးတွင် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်အဖြစ် ကစားသွားမည်ဖြစ်ပြီး ယင်းပွဲမတိုင်မီ ဒီမာရီယာက ယခုကဲ့သို့ ဆိုခဲ့ခြင်းဖြစ်သည်။

အသက် (၂၇) နှစ်အရွယ်ရှိ အာဂျင်တီးနား ကစားသမား ဒီမာရီယာသည်  ရီးရဲလ်အသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလား ရယူခဲ့ပြီး မန်ယူအသင်းသို့ ပြောင်းခဲ့ခြင်းဖြစ်ကာ ထိုမှတစ်ဆင့် ပီအက်စ်ဂျီသို့  ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။

ဒီမာရီယာက မိမိအနေဖြင့် ရီးရဲလ်နှင့်ပွဲတွင် ဂိုးသွင်းယူနိုင်ပါက အောင်ပွဲခံမည် မဟုတ်ကြောင်း၊ မိမိသည် ရီးရဲလ်နှင့် ဖြတ်သန်းခဲ့သည့် အချိန်များကို အမြဲတမ်း သတိရနေကြောင်း၊ မိမိ၏ အသည်းနှလုံးထဲတွင် ရီးရဲလ်အသင်း အမြဲရှိနေကြောင်း ပြောကြားခဲ့သည်။

ဒီမာရီယာက မိမိအနေဖြင့်  ပီအက်စ်ဂျီ အသင်းနှင့်အတူ အောင်မြင်မူများ ရရှိရန် ကြိုးစားမည်ဖြစ်ကြောင်း၊ မိမိတို့အသင်း၏ စုဖွဲ့မှုသည် ချန်ပီယံလိဂ် ပြိုင်ပွဲတွင် ဗိုလ်စွဲရန် စွမ်းဆောင်နိုင်စွမ်းရှိကြောင်း ပြောကြားခဲ့သည်

No comments:

Post a Comment