Wednesday, October 14, 2015
မကွေးနဲ့ပွဲဖြစ်စဉ်အတွက်ရတနာပုံအသင်းအယူခံဝင်မည်
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် ရတနာပုံအသင်းဟာ မကွေးနဲ့ ပွဲစဉ်မှ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကြောင့် နစ်နာခဲရတာတွေအတွက် အယူခံဝင်သွားမယ်လို့ သိရပါသည်။ ရတနာပုံအသင်းဟာ အဆိုပါပွဲစဉ်ကို စက်တင်ဘာ၁၃ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ တစ်ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါသည်။ “ကျွန်တော်တို့ အနေနဲ့ စည်းကမ်းထိန်းသိမ်းရေး ကော်မတီကို အယူခံလွှာ တင်သွင်းသွားပါမယ်။ စည်ကမ်း ထိန်းသိမ်းရေးကော်မတီမှအယူခံလွှာ ဖြေရှင်းတာကို ဆက်လက်စောင့်ကြည့်သွားပါမယ်”လို့ ရတနာပုံအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါသည်။ ရတနာပုံအသင်း ဖေ့ဘွတ်စာမျက်နှာထုတ်ပြန်ထားတဲ့ ကြေညာချက်မှာ နောက်ခံလူ မွန်ကီးမှာ ပွဲချိန်၈၄မိနစ်မှာ အ၀ါကတ်ပြသခံထားရခြင်းမရှိပဲ တိုက်ရိုက်အနီကတ်ပြ ထုတ်ခံ လိုက်ရခြင်းကြောင့် အသင်းအနေဖြင့် နစ်နာရပါကြောင်း အဓိကပါဝင်တဲ့ပို့စ်တစ်ခုကို စက်တင်ဘာ၁၃ရက်နေ့က ရေးသားထားခဲတယ်လို့လည်း သိရပါသည်။
အောင်မြင့်မြတ်
credit--soccer myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment