Friday, October 16, 2015

ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲ ရတနာပုံအသင်း ယှဉ်ပြိုင်မည်

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဒုတိယအကြိမ် VTB Cup ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲသို့ မြန်မာလိဂ်ကလပ် ရတနာပုံအသင်း ဝင်aရာက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ဗီယက်နမ် ဘောလုံးအဖွဲ့ ချုပ်နှင့် ဘင်ဒေါင်းတီဗီတို့ ပူးပေါင်းကျင်းပသည့် နိုင်ငံတကာ ကလပ်အသင်း ဖိတ်ခေါ်ပြိုင်ပွဲ (VTB Cup) ကို လာမည့်နိုဝင်ဘာတွင် ကျင်းပမည်ဖြစ်ပြီး မြန်မာနေရှင်နယ်လိဂ်မှ ကလပ်အသင်းတစ်သင်း ဝင်ရောက်ယှဉ်ပြိုင်ရန် ဗီယက်နမ် ဘောလုံးအဖွဲ့ချုပ်က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို ဖိတ်ကြားခဲ့ကာ ရတနာပုံအသင်း ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

‘‘နိုင်ငံခြားနည်းပြ နီဒီဆေးရီဆာနဲ့က စာချုပ်သက်တမ်း ၂ နှစ် ချုပ်ဆိုထားတဲ့ အတွက် ဒီပြိုင်ပွဲကိုလည်း သူနည်းပြချုပ်အဖြစ်နဲ့ တာဝန်ယူ ဆောင်ရွက်မှာပါ။

နိုင်ငံခြားကစားသမားတွေက ဒီဇင်ဘာအထိ စာချုပ်ချုပ်ထားတဲ့ သူတွေရှိသလို အောက်တိုဘာမှာ စာချုပ်သက်တမ်းပြည့်မယ့် သူတွေလည်း ရှိတယ်။ အတိအကျတော့ မမှတ်မိဘူး။ စာချုပ်သက်တမ်းကျန်တဲ့ ကစားသမားတွေတော့ ဒီပြိုင်ပွဲမှာ ပါဝင်မှာပါ’’ဟု ရတနာပုံအသင်း မန်နေဂျာ ဦးအောင်ထွန်းဦးက ပြောသည်။

အဆိုပါပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် နိုဝင်ဘာ ၆ ရက်မှ ၁၅ ရက် အထိ ကျင်းပမည်ဖြစ်ပြီး ၂၀၁၅ ဗီလိဂ်ပြိုင်ပွဲမှ ထိပ်ဆုံးလေးသင်းနှင့် ပြည်ပကလပ်အသင်း လေးသင်း၊ စုစုပေါင်း အသင်းရှစ်သင်းတို့နှင့် ကျင်းပမည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် ရတနာပုံ၊ ဂျပန်တက္ကသိုလ် လက်ရွေးစင်အသင်း၊ ကိုရီးယား တက္ကသိုလ် လက်ရွေးစင်၊ ဘရာဇီးကလပ် အသင်းတစ်သင်းဖြစ်သည့် ဘန်ဂုအက်သလက်တီကိုတို့ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ ၂၀၁၄ က စတင်ကျင်းပခဲ့သည့် ယင်းပြိုင်ပွဲတွင် ဧရာဝတီ ယူနိုက်တက်အသင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

No comments:

Post a Comment