Friday, October 30, 2015

အားကစား သတင်းတိုများ

.ဗုဒ္ဓဟူးနေ့က လိဂ်ဖလားပြိုင်ပွဲ စတုတ္ထအဆင့် မစ်ဒယ်ဘရော့နှင့် ပွဲစဉ်၌ ရွန်းနေ ပင်နယ်တီကန်ရန် ပြင်ဆင်နေချိန်တွင် လေဆာရောင်ခြည်ဖြင့် အထိုးခံရခြင်းအတွက် အက်ဖ်အေအဖွဲ့က စုံစမ်းစစ်ဆေး သွားမည်ဖြစ်သည်။

.အင်္ဂလန်လက်ရွေးစင်ဟောင်း ပေါလ်ဂက်စ်ဂွိုင်နီသည် ၎င်း၏ ရည်းစားဟောင်းထံ စော်ကားသော မက်ဆေ့ခ်ျများ၊ ဖုန်းခေါ်ဆိုမှုများ လုပ်ခဲ့ကြောင်း ၀န်ခံပြီးနောက် ဒဏ်ငွေချမှတ်ခံရကာ ရည်းစားဟောင်းနှင့် ဝေးဝေးနေရန် သတိပေးခံရသည်။

.စင်ကာပူတွင် ကစားနေသည့် အမျိုးသမီး တင်းနစ်ပြိုင်ပွဲ WTA Finals တွင် ပထမဆုံးအကြိမ် ပါဝင်ကစားနေသည့် စပိန်တင်းနစ်မယ် ဂါဘင်မူဂူဂူဇာသည် အုပ်စုပတ်လည် သုံးပွဲစလုံး အနိုင်ရရှိကာ အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့သည်။

.ခြေစွမ်းပြနေသော အာဆင်နယ်အသင်းနှင့် ကစားရမည့် ယနေ့ပွဲတွင် ရလဒ်တစ်ခုကို လိုချင်ပါက ဆွမ်ဆီးအသင်းအနေဖြင့် အကောင်းဆုံးကစားသွားရမည်ဟု ဆွမ်ဆီးအသင်းနည်းပြ ဂယ်ရီမန့်က ပြောကြားသည်

No comments:

Post a Comment