ဘိတ်ဘိုရီဆော့ဗ် ၀ - ၂ ဘာစီလိုနာ
အများမျှော်လင့်ထားသည့်အတိုင်း ဘာစီလိုနာသည် အဝေးကွင်းတွင် ဖြစ်လင့်ကစား ဘိတ်ကို သက်တောင့်သက်သာ ထိန်းချုပ်ကစားပြီး အနိုင်ရသွားခဲ့သည်။ ဒုတိယပိုင်း ပွဲစပြီး မကြာမီတွင် ဘယ်ခြမ်းမှ နေမာ တစ်ကိုယ်တော် ဆွဲယူ ထိုးဖောက်လာပြီး ဘီးကုပ်ထိပ်နားရှိ အိုင်ဗန်ရာကီတစ်ကို ချပေးရာ ခရိုအေးရှား လက်ရွေးစင် ကွင်းလယ်လူက အပြင်းကန်သွင်းပြီး လက်ရှိ ဥရောပ ချန်ပီယံတို့ ပွဲကို ဦးဆောင်ခဲ့သည်။ ၆၄ မိနစ်တွင် နေမာပင် အနီးကပ် မျှောထုတ်ပေးလိုက်သည့် ဘောလုံးကို ရာကီတစ်က ဘိတ်ဂိုးသမားနှင့် အတွေ့တွင် အသာအယာ ကျော်ကန် သွင်းယူကာ ဘာစီလိုနာအတွက် ဒုတိယဂိုးကို ရယူသွားခြင်း ဖြစ်သည်
No comments:
Post a Comment