Monday, October 26, 2015

မန်ချက်စတာ ဒါဘီ ဂိုးမရှိသရေကျပြီး မန်စီးတီးဇယားထိပ်ရောက်

ယမန်နေ့ညက ကစားသော မန်ချက်စတာဒါဘီပွဲမှာ စိတ်ပျက်စရာကောင်းခဲ့ပြီး ဂိုးမရှိသရေကျခဲ့ကာ မန်စီးတီးအသင်း ပရီးမီးယားလိဂ် ဇယားထိပ်သို့ တက်ရောက်သွားသည်။

မန်စီးတီးသည် အာဆင်နယ် နှင့်  ရမှတ်ချင်းတူသော်လည်း ဂိုးကွာခြားချက်ဖြင့် ထိပ်ဆုံးရောက်သွားသည်။

မန်ယူမှာ နံပါတ်လေးနေရာတွင် ရပ်တည်နေပြီး ချယ်လ်ဆီးကို နိုင်ခဲ့သော ၀က်စ်ဟမ်းမှာ မန်ယူအထက်တွင် ရှိနေသည်။

လူစားဝင်လာသူ ဂျက်စီလင်းဂတ်၏ ကန်ချက် ဂိုးဘားတန်းကိုထိ၍ ပြန်ထွက်လာသော အချိန်သည် မန်ယူဂိုးရရန် အနီးစပ်ဆုံး အချိန်ဖြစ်ခဲ့သည်။ နှစ်သင်းစလုံးက ထိန်းကစားနေ၍ ဂိုးဖန်တီးမှုပင် များများစားစား မတွေ့ခဲ့ရပေ။

အခြားပွဲစဉ်တွင် ဆန်းဒါးလန်းက နယူးကာဆယ်ကို ၃-၀ ဂိုးဖြင့် အနိုင်ယူပြီး ယခုနှစ် ပရီးမီးယားလိဂ်ရာသီ ပထမဆုံးနိုင်ပွဲ ရှာတွေ့သွားခဲ့သည်။

အီတလီစီးရီးအေတွင် ဂျူဗင်တပ်က အတ္တလန်တာကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး နွေရာသီ၌ ရောက်လာခဲ့သော တိုက်စစ်မှူး ဒိုင်ဘာလ ခြေစွမ်းပြခဲ့သည်။

ကိုယ်တိုင် တစ်ဂိုးသွင်း၍ အခြားတစ်ဂိုးကို ဖန်တီးပေးခဲ့သည်။ အေစီမီလန်က ဆက်ဆူလိုကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိသွားသည်

No comments:

Post a Comment