၂၀၁၅ မြန်မာနေရှင် နယ်လိဂ်အမှတ်ပေးပြိုင်ပွဲ နောက် ဆုံးပွဲစဉ်အချို့ကို အချိန်နှင့်နေရာ ပြောင်းလဲကျင်းပမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီက သ တင်းထုတ်ပြန်သည်။
မူလပွဲစဉ်ဇယားအရ ယခု နှစ် မြန်မာနေရှင်နယ်လိဂ် ရာသီ အပိတ်ပွဲစဉ် (ပွဲစဉ်-၂၂)များကို အောက်တိုဘာ ၃၀ ရက်တွင် နှစ် ပွဲနှင့်အောက်တိုဘာ ၃၁ ရက်တွင် လေးပွဲကျင်းပရန် စီစဉ်ထားသော် လည်း ပြောင်းလဲမှုအရ အောက် တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ကျင်းပမည်ဖြစ်သည်။
ပြိုင်ပွဲကျင်းပရေးကော်မတီ က ထုတ်ပြန်ချက်အရ ပွဲစဉ်-၂၂ အဖြစ် အောက်တိုဘာ ၃၀ ရက် တွင် ရန်ကုန်နှင့်ချင်း၊ အောက်တိုဘာ ၃၁ ရက်တွင် ရခိုင်နှင့်ကမ္ဘောဇ၊ နေပြည်တော်နှင့် ဟံသာဝတီ၊ ရတနာပုံနှင့် မနောမြေ၊ ဧရာဝတီနှင့် ဇေယျာရွှေမြေ၊ နိုဝင်ဘာ ၁ ရက်တွင် မကွေးနှင့် ဇွဲကပင်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။
မူလပွဲစဉ်ဇယားအရ ရခိုင် ယူနိုက်တက်နှင့် ကမ္ဘောဇအသင်း ပွဲကို အောက်တိုဘာ ၃၀ ရက် တွင် ကျင်းပရန် သတ်မှတ်ထား သော်လည်း တန်းဆင်းဇုန်အတွင်း ကျရောက်နေသည့် ရခိုင်၊နေပြည် တော်၊ မနောမြေအသင်းပွဲစဉ်ကို တစ်ပြိုင်နက် ပြောင်းလဲကျင်းပ ပေးရန် ရခိုင်အသင်းက တောင်း ဆိုခဲ့မှုကြောင့် ပြိုင်ပွဲကျင်းပရေး ကော်မတီက ပြောင်းလဲသတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် အောက်တိုဘာ ၃၁ ရက်တွင် တန်းဆင်းဇုန်အ တွင်း ကျရောက်နေသည့် ရခိုင်၊ နေပြည်တော်၊ မနောမြေအသင်း တို့ပွဲများကို တစ်ရက်တည်း ကျင်း ပမည်ဖြစ်သည်။ ထို့အတူ နေပြည်တော်အသင်းသည် အိမ်ကွင်းတွင် ဟံသာဝတီယူနိုက်တက်ကို လက်ခံယှဉ်ပြိုင်ရမည် ဖြစ်သော် လည်း ယင်းပွဲကို အခြားပွဲများနှင့် တစ်ပြိုင်နက် ယှဉ်ပြိုင်နိုင်ရန် သုဝဏ္ဏကွင်းသို့ ပြောင်းလဲကျင်းပ မည်ဖြစ်သည်။
မူလက အောက်တိုဘာ ၃၁ ရက်တွင် ကျင်းပရန် သတ်မှတ် ထားသည့် ပွဲစဉ်လေးပွဲအနက် ဇွဲကပင်နှင့် မကွေးအသင်းတို့ ပွဲ စဉ်ကိုမူ နိုဝင်ဘာ ၁ ရက်သို့ ပြောင်းလဲကျင်းပမည်ဖြစ်သည်။
၂၀၁၅ မြန်မာလိဂ်ပြိုင်ပွဲပြီး ဆုံးရန် ပွဲစဉ်နှစ်ပွဲအလို၌ ရန်ကုန် အသင်းက ချန်ပီယံဖြစ်ခဲ့သော် လည်း တန်းဆင်းရမည့် နှစ်သင်း နေရာအတွက်မူ နောက်ဆုံးပွဲစဉ် များပြီးမှသာ အဖြေထွက်မည်ဖြစ် သည်။
မြန်မာလိဂ်ပွဲစဉ် (၂၂)
၃၀.၁၀.၁၅
ရန်ကုန်- ချင်း YUSC
၃၁.၁၀.၁၅
ရခိုင်-ကမ္ဘောဇ အောင်ဆန်း
နေပြည်တော်-ဟံသာဝတီ သုဝဏ္ဏ
ရတနာပုံ- မနောမြေ ဗထူး
ဧရာဝတီ - ဇေယျာရွှေမြေ ကျောက်တိုင်
၁.၁၁.၁၅
မကွေး-ဇွဲကပင် သုဝဏ္ဏ
AMM
No comments:
Post a Comment