လီဗာပူးလ် နည်းပြသစ် ကလော့ပ်သည် ရလဒ်ကောင်းများ ပြန်ရယူရာတွင် စည်းကမ်းပိုင်းကို အလေးထားသွားမည် ဖြစ်ကြောင်း သိရသည်။ လီဗာပူးလ်အသင်း လေ့ကျင့်ရေးကွင်း ဖြစ်သော မဲလ်ဝုဒ်ကို ဘောလုံးရုံးချုပ်အဖြစ် သဘောထားပြီး အလွယ်တကူ ၀င်ခွင့်မရအောင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ပြုလုပ်ရာတွင် ကစားသမားများ၏ ချစ်သူ ဇနီးမယားများ ကိုလည်း လေ့ကျင့်ရေးကွင်းသို့ လာရောက်ခွင့် ပိတ်ပင်သွားမည် ဖြစ်ကြောင်း သိရသည်။ ကစားသမားများကို ရာနှုန်းပြည့် ကြိုးစားရန် တိုက်တွန်းသွားမည် ဖြစ်ပြီး၊ လေ့ကျင့်ရေး ကွင်းတွင်လည်း အကောင်းဆုံး လုပ်ဆောင်နိုင်ရန် အစီအစဉ်များ ချမှတ်သွားမည် ဖြစ်သည်။
ကလော့ပ်က မိမိအနေဖြင့် ကစားသမားများ၏ စတ်ဓာတ်ပိုင်းဆိုင်ရာကို ပြင်ဆင်သွားမည် ဖြစ်ကြောင်း၊ မိမိ၏ အစီအစဉ်များသည် ယခင်နည်းပြ ရော်ဂျားစ်နှင့် ကွာဟမှုမရှိသော်လည်း လုပ်ကိုင်ပုံ အနည်းငယ် ကွဲခြားနိုင်ကြောင်း၊ မိမိတို့အနေဖြင့် ရလဒ်ကောင်းရရှိရေး ကြိုးစားရာတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရနိုင်ကြောင်း ပြောကြားခဲ့သည်။
ကလော့ပ်က လီဗာပူးလ်ကို ကိုင်တွယ်ရာတွင် စွန့်စားမှု မဟုတ်ကြောင်း၊ မိမိကို အခြားအသင်းများကလည်း ခေါ်ယူရန် စိတ်ဝင်စားခြင်း မရှိခဲ့ကြောင်း၊ မိမိအနေဖြင့် လီဗာပူးလ်ကို ကိုင်တွယ်ရာတွင် စိန်ခေါ်မှုများနှင့် ကြုံရမည် ဖြစ်သော်လည်း ကြီးကျယ်သည့် ပြဿနာတစ်ရပ် မဟုတ်ကြောင်း ပြောကြားခဲ့သည်
No comments:
Post a Comment