ချဲလ်ဆီးနည်းပြ မော်ရင်ဟိုသည် လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်မှ နောက်ထပ် ထုတ်ပယ်ခံရဖွယ်ရှိသော နည်းပြအဖြစ် ရေပန်းစားနေပြီး ချဲလ်ဆီးအသင်းသည် ၄င်းကို ထုတ်ပယ်ခဲ့လျှင် အက်သလက်တီကို မက်ဒရစ်အသင်းကို အကောင်းဆုံးနည်းပြ လမ်းညွှန်ပေးနေနိုင်သည့် အာဂျင်တီးနားသား ဆီမြွန်နီကို အစားထိုးခန့်အပ်ရန် ပြင်ဆင်နေကြောင်း သိရသည်။
ချဲလ်ဆီးအသင်းသည် ပရီးမီးယားလိဂ် ပွဲစဉ်(၈)အပြီး ရှစ်မှတ်သာ ရရှိခဲ့သော်လည်း မော်ရင်ဟိုအပေါ် မဲပေးပြီး ဆက်လက်ထောက်ခံသည်ဟု ဘုတ်အဖွဲ့က ပြီးခဲ့သည့် တစ်ပတ်ကပင် အတည်ပြုကြေညာခဲ့သည်။
သို့သော်လည်း မော်ရင်ဟိုအနေဖြင့် လက်ရှိ ဆိုးရွားနေသော ရလဒ်များကို ပြန်လည် တည့်မတ်ပေးနိုင်ရမည်ဟု ဖော်ပြပါရှိ၍ ချဲလ်ဆီးအသင်း ရလဒ်ဆိုးများ ဆက်ကြုံရပါက မော်ရင်ဟိုမှာ ရာထူးမှ ထုတ်ပယ်ခံရနိုင်သည်။
သတင်းများအရ မော်ရင်ဟိုကို ထုတ်ပယ်လျှင် ချုပ်ဆိုထားသော လေးနှစ်စာချုပ် လက်ကျန်သက်တမ်းအတွက် ချဲလ်ဆီးအသင်းက ယခုနှစ်ဘောလုံးရာသီ အကုန်တွင် ခေါ်ယူမည်ဆိုပါက စာချုပ်ဖျက်တန်ကြေး ပေါင် ၁၅ သန်းကို အက်သလက်တီကိုထံ ပေးရမည်ဟု ဆိုသည်
No comments:
Post a Comment