ယူရို ၂၀၁၆ ခြေစစ်ပွဲအောင်သည့်အသင်းများနှင့် ရှုံး ထွက် ခြေစစ်ပွဲကစားကြရမည့် အကောင်းဆုံးတတိယရအသင်း များစာရင်း ထွက်ပေါ်လာခဲ့ပြီဖြစ် ရာ ဥရောပဘောလုံးအဖွဲ့ချုပ် (ယူ အီးအက်ဖ်အေ)ဝက်ဘ်ဆိုက်တွင် ယူရိုခြေစစ်ပွဲ အကောင်းဆုံး ကစားသမား ၁၁ ဦးစာရင်း ထွက်ပေါ်ခဲ့ပြီး ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုမပါဝင်ခဲ့ဘဲ ပထမဆုံး အကြိမ် ယူရိုခြေစစ်ပွဲအောင်ခဲ့ သည့် ဝေးလ်စ်မှ ဘေးလ်နှင့် နောက်ခံလူ ဝီလီယမ်တို့နှစ်ဦး ထူးထူးခြားခြား ရွေးချယ်ခံရသည် ကို တွေ့ ရသည်။
ယူအီးအက်ဖ်အေဝက်ဘ် ဆိုက်က ထုတ်ပြန်သည့် ထိုစာရင်း တွင် ဒီဘရိုင်နီ၊ ဟမ်ဆစ်၊ အယ်လ်ဘာတို့ အပါအဝင် အရန်လူ ၇ ဦး ကိုလည်း ရွေးချယ်ထားသည်။ အ သင်းကစားကွက်ပုံစံ ၄-၃-၃ အရ လူရွေးချယ်ထားရာတွင် ရှေ့ တန်း၌ ခြေစစ်ပွဲအောင်ဝေးလ်စ်၏ တောင်ပံလူ ဘေးလ်၊ ပိုလန်တိုက် စစ်မှူး လီဝမ်ဒေါစကီး၊ ဂျာမန်တိုက်စစ်မှူး မူလာတို့ ပါဝင်သည်။ အလယ်တန်းတွင် ဩစတြီးယားကွင်းလယ်လူ အလာဘာ၊ မြောက်အိုင်ယာလန်ကွင်းလယ်လူ စတီဗင်ဒေးဗစ်၊ အိုက်စလန်ကွင်း လယ်လူ ဆစ်ဂါဆန်၊ နောက်တန်းတွင် အင်္ဂလန်ကစားသမား ကာ ဟေးလ်၊ ဝေးလ်စ် မှ ဝီလီယမ်၊ အီတာလျံနောက်ခံလူ ဒါမီယန်၊ ရိုမေးနီးယားဘယ်တောင်ပံလူ ရက်ဇဗန်ရတ်တို့  ပါဝင်ခဲ့ကြသည်။ဂိုးသမားမှာ ဘယ်လ်ဂျီယမ်ဂိုး သမား ကော်တိုအစ်ဖြစ်ခဲ့သည်။
အရန်လူများမှာမူ ရိုမေးနီး ယားမှ တာတာရူဆနူ၊ အယ်လ်ဘာ(စပိန်)၊ ဂလစ်(ပိုလန်)၊ ဟမ်ဆစ်(ဆလိုဗက်ကီးယား)၊ ပယ်ရီဆစ် (ခရိုအေးရှား)၊ ဒီဘရိုင်နီ (ဘယ် လ်ဂျီယံ)၊ ဒဇူဗာ(ရုရှား)တို့ ဖြစ်ကြသည် ။ UEFA
အောင်မြင့်မြတ်
No comments:
Post a Comment