Monday, October 19, 2015

ရော်နယ်ဒိုနှင့်နေမာ တစ်ပတ်အတွင်း ဂိုးသွင်းစံချိန်သစ်တင်

စနေညပိုင်းပွဲများတွင် ရီးရဲလ်နှင့် ဘာစီလိုနာတို့ ပြိုင်ဘက်များကို အသီးသီး အနိုင်ရခဲ့ရာ၌ ဂိုးသွင်းခဲ့သည့် တိုက်စစ်မှူးများဖြစ်သော ရော်နယ်ဒိုနှင့် နေမာတို့က ဂိုးသွင်းစံချိန်များကို ချိုးနိုင်ခဲ့သည်။

ရော်နယ်ဒိုသည် လီဗန်တေးကို  ရီးရဲလ်က ၃-၀ ဂိုးပြတ်ဖြင့်နိုင်သော ပွဲတွင် လာလီဂါပွဲပေါင်း  ၃၁၀ ကစားရာ၌ ၃၂၄ ဂိုးမြောက် ဂိုးသွင်းပေးခဲ့ပြီး  ရာအူးလ်၏ ကလပ်အတွက် သွင်းဂိုးစံချိန်သာမက ပွဲကစားသည့် အရေအတွက် အရလည်း ၄၃၁ ပွဲကစားထားသော ရာအူးလ်ထက်နည်းပြီး ဂိုးများသည့်စံချိန်ရှင် ဖြစ်လာခဲ့သည်။

ရော်နယ်ဒိုသည် လက်ရှိရာသီတွင် ခြောက်ဂိုး ရထားပြီဖြစ်ကာ ဘန်ဇီးမားနှင့် ဂိုးအရေအတွက် တူခဲ့ပြီး ပြိုင်ဘက် မက်ဆီကမူ သုံးဂိုးသာ ရသေးသည်။

နေမာသည် ဗယ်လီကာနိုနှင့် ပွဲတွင် မက်ဆီ မပါဝင်သော ဘာစီလိုနာတိုက်စစ်ကို ဦးဆောင်ခဲ့ပြီး လေးဂိုးသွင်းခဲ့ရာ၌ ကစားသမားဘဝ သက်တမ်းတစ်လျှောက် ငါး ကြိမ်မြောက် တစ်ပွဲတည်း လေးဂိုးအထိ သွင်းနိုင်သည့် စံချိန်သစ် ရခဲ့သည်။

နေမာသည် ဆန်းတို့စ်ကလပ်နှင့် ဘရာဇီးတွင်ကစားခဲ့စဉ် ၂၀၁၀ ပြည့်နှစ်က ငါးဂိုး သွင်းခဲ့ဖူးပြီး လေးဂိုးသွင်းသည့် ပွဲများမှာမူ ယခင်က ဘရာဇီးလက်ရွေးစင် အသင်းနှင့် ဂျပန်အသင်းပွဲတွင် လည်းကောင်း၊ ဆန်းတို့စ်နှင့် ယူနီအို ဘာဘန်ရင့်စ်နှင့်ပွဲ၊ အက်သလက်တီကိုနှင့်ပွဲ၊ ဘရာဇီးလူငယ် အသင်းနှင့် ပါရာဂွေး ယူ-၂၀ အသင်းနှင့် ပွဲများတွင် လည်းကောင်း သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်

No comments:

Post a Comment