Thursday, October 15, 2015

ဝင်းဂါးကြောင့်အာဆင်နယ်ကို နိုင်ခြင်းကို အလာဒိုက်စ်ပိုနှစ်သက်

ဆန်းဒါးလန်းနည်းပြသစ် အလာဒိုက်စ်က ဘော်လ်တန်ကို တာဝန်ယူခဲ့စဉ်က အာဆင်နယ်ကို မကြာခဏ ဒုက္ခပေးနိုင်ခဲ့သည့် အနေအထားကို လာမည့် ပွဲစဉ်တွင်လည်း ထပ်မံရယူနိုင်ရန် ကြိုးစားသွားမည်ဖြစ်ပြီး ရန်လိုတတ်သည့် ၀င်းဂါးကြောင့် အာဆင်နယ်ကို အနိုင်ရသည်မှာ ပိုမို နှစ်သက်စရာကောင်းကြောင်း ပြောဆိုခဲ့သည်။

အလာဒိုက်စ်က "ဘော်လ်တန်မှာ ရှိတုန်းက အာဆင်နယ်ကို အနိုင်ရခြင်းဟာ တခြားအသင်းတွေကို အနိုင်ရခြင်းထက် ပိုပြီးပျော်ရွှင်စရာ ကောင်းပါတယ်။ မထင်မှတ်ဘဲ ကျွန်တော်တို့က အနိုင်ရတာမျိုး ရှိလာတဲ့အချိန်တိုင်းမှာ ၀င်းဂါးဟာ ရန်လိုလေ့ ရှိတာကြောင့် အာဆင်နယ်ကို အနိုင်ရခြင်းဟာ တခြားအသင်းတွေကို အနိုင်ရခြင်းထက် ပိုပျော်ဖို့ကောင်းပါတယ်" ဟုပြောကြားခဲ့သည်

No comments:

Post a Comment