စနေနေ့က ပြင်သစ် လီဂူးဝမ်းတွင် ပီအက်စ်ဂျီက ဘတ်စတီးယားကို နှစ်ဂိုး ဂိုးမရှိဖြင့် နိုင်သည့် ပွဲအပြီးတွင် ပရိသတ်များ အဓိကရုဏ်း ဖြစ်သောကြောင့် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများဖြင့် ဖြိုခွင်းခဲ့ရသည်။
ယင်းပွဲတွင် နှစ်ဂိုးလုံး သွင်းယူခဲ့သော ဆွီဒင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်သည် ပီအက်စ်ဂျီ၏ ထာဝရ ဂိုးသွင်းဘုရင်အဖြစ် ၁၃၈ ပွဲ၌ ၁၁၂ ဂိုးမြောက် သွင်းယူနိုင်ခဲ့သည်။
အဓိကရုဏ်းဖြစ်ပွားရာတွင် ပရိသတ်ဦးရေ ၅၀ မှ ၁၀၀ ခန့်အထိ ပါဝင်ခဲ့ပြီး အမှိုက်ပုံးများကို မီးရှို့ခဲ့ကြသည်။ ရဲကားကိုးစီး လာရောက်ခဲ့ပြီး မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ကာ တည်ငြိမ်အောင် ဆောင်ရွက်ခဲ့ရသည်။
ယင်းဖြစ်ရပ်မှာ ပြင်သစ် ဘောလုံးလောက၏ ပုံရိပ်ကို ထိခိုက်စေသော အဖြစ်အပျက်များအနက် နောက်ဆုံးဖြစ်ရပ်ဖြစ်ပြီး စက်တင်ဘာက မာဆေးနှင့် လိုင်ယွန်အသင်းတို့ တစ်ဂိုးစီ သရေကျနေစဉ် လူအုပ်ကြား ပြဿနာ ဖြစ်ပွားသောကြောင့် မိနစ် ၂၀ ကြာ ရပ်နားခဲ့ရသည်
No comments:
Post a Comment