Thursday, October 15, 2015

ခြေစစ်ပွဲမအောင်မြင်သော်လည်းလက်ရွေးစင်ဘဝမှအနားယူမည်မဟုတ်ဟုဗန်ပါစီပြောဆို


ယူရိုခြေစစ်ပွဲတွင် ချက်အသင်းအား အိမ်ကွင်းတွင် ၃-၂ ဂိုးဖြင့်ရှုံးကာ အုပ်စုမှထွက်ခဲ့ ရပြီးနောက် ကိုယ့်ဂိုးကိုယ်သွင်း မိသည့် တိုက်စစ်မှူးဗန်ပါစီက အသင်းခြေစစ်ပွဲ မအောင်သော် လည်း လက်ရွေးစင်ဘဝမှ အနား ယူဦးမည်မဟုတ်ကြောင်း ထုတ် ဖော်ပြောကြားလိုက်သည် ။

ဗန်ပါစီသည် ထိုပွဲတွင် ပထမပိုင်းပြီးခါနီး၌ ဝင်ကစားခဲ့ပြီး ၆၆ မိနစ်တွင် ခေါင်းတိုက်ဖျက် ထုတ်ရာမှ ကိုယ့်ဂိုးကိုယ်သွင်းမိပြီး ၃-၀ ဂိုးပြတ်ဖြစ်စေခဲ့ကာ ချက်ကို အပြတ်အသတ်ဦးဆောင်စေခဲ့ သည်။

ထိုပွဲတွင် ချက်အသင်းသည် ပထမပိုင်း ၄၃ မိနစ်မှာပင်နောက်ခံ လူဆပ်ချီအနီကတ်ဖြင့် အထုတ်ခံ ရပြီး ၁၀ ဦးတည်းဖြင့် ကစားခဲ့ရာ ဗန်ပါစီ၏ဂိုးမတိုင်မီ ၂-၀ဂိုးဖြင့် ဦးဆောင်နေရာမှ ဗန်ပါစီ၏ခေါင်း တိုက်ဂိုးကြောင့် တစ်ဂိုးထပ်မံရရှိ ခြင်းဖြစ်သည်။

ထို့အတွက်ကြောင့် ပွဲအပြီး တွင် ဗန်ပါစီကိုဝေဖန်မှုများ အွန် လိုင်းတွင်ပျံ့နှံ့ခဲ့ပြီး ပရိသတ်များ စွာက ပြင်းထန်စွာ လှောင်ပြောင် ခဲ့ကြသည်။

သို့သော် ဗန်ပါစီ (၃၂)နှစ်က ၎င်းသည် အသင်းမှ အနားယူမည် မဟုတ်ကြောင်းဆိုသည်။

‘‘အများကြီးဖြစ်ပျက်ခဲ့တယ်။ လာမယ့်လတွေမှာတော့ ဖြစ်ခဲ့ တာတွေကို ပြန်သုံးသပ်မယ်။ ဒါပေမဲ့ နိုင်ငံအသင်းတာဝန်အ တွက် ကျွန်တော် ဆက်ရှိနေပါ မယ်။ လက်ရွေးစင်မှာကစားရ တာ ခေတ်ကောင်းတွေမှာမဟုတ်၊ ခေတ်ဆိုးတွေမှာလည်း ကစားရ မှာပါ။ တာဝန်တွေရှောင်လွှဲပြီး ထွက်သွားမယ့်သူမဟုတ်ပါဘူး။  ထွက်ဖို့ဆိုတာ ရွေးစရာမဟုတ် ပါဘူး’’ ဟု ဗန်ပါစီကဆိုသည်။

ဗန်ပါစီသည် မန်ယူတွင်ခြေ စွမ်း မပြနိုင်ဖြစ်ပြီးနောက် ဖီနာ ဘာချီသို့ရောက်ခဲ့ပြီးလက်ရွေးစင် အသင်းတွင်မူ နည်းပြသစ်က ဘလင်းကရော်ဘင့်နေရာတွင် ၎င်းကို ကပ္ပတိန်အဖြစ် ခန့်အပ်ခံ ထားရသူဖြစ်သည်။          

ESPN
အောင်မြင့်မြတ်

No comments:

Post a Comment