Sunday, October 18, 2015

မန်ယူဂိုးသမား Valdes လာမည့် ဇန်နဝါရီတွင် အသင်းပြောင်းမည်

မန်ယူဂိုးသမား Valdes ဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းပြောင်းတော့မယ်လို့ သူ့ရဲ့အေးဂျင့်ဖြစ်သူက ပြောပြခဲ့တာပါ။
ဒီဂိုးသမားဟာ ဇူလိုင်လတုန်းက တူရကီကလပ် ဘက်ဆစ်တပ်စ် အသင်းကို ရောက်ရှိဖို့ နီးစပ်ခဲ့ပေမယ့် မဖြစ်မြောက်ခဲ့ပါဘူး။

စပိန်ဂိုးသမားရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ အေးဂျင့်ဖြစ်သူက  Maca သတင်းစာကို အခုလိုပဲ ပြောပြခဲ့ပါတယ်။

"သူဟာ ဇန်နဝါရီလအတွင်းမှာ အသင်းပြောင်းဖို့ အခွင့်အရေးရှိရင် ဘယ်အသင်းမဆို ပြောင်းနိုင်ပါတယ်။ ဒါပေမယ့် သူစပိန်ကို ပြန်မှာတော့ မဟုတ်ပါဘူး။ သူဟာသူ့အတွက် အကောင်းဆုံး ဖြစ်မယ်ထင်တဲ့ အသင်းကို ပြောင်းရွှေ့မှာပါ"လို့ ဖြေကြားခဲ့ပါတယ်။

သူဟာ ဂိုးသမားပြဿနာ  ကြုံတွေ့နေရတဲ့ နယူးကာဆယ်အသင်းကို  ပြောင်းရွှေ့ဖွယ်အများဆုံး ဖြစ်နေပြီး  နယူးကာဆယ် အသင်းကလည်း အဓိကဂိုးသမား Tim Krul ဟာ ရာသီကုန်အထိ အနားယူရဖွယ် ရှိတာကြောင့် ဂိုးသမားတစ်ယောက်ကို အလျင်အမြန် လိုအပ်နေတာပါ။

Valdes ဟာ ၂၀၁၀ ကမ္ဘာ့ဖလားနဲ့ ၂၀၁၄ ယူရိုပြိုင်ပွဲတွေမှာ ဗိုလ်စွဲနိုင်ခဲ့တဲ့ စပိန်အသင်း လူစာရင်းမှာလည်း တစ်စိတ်တစ်ဒေသ ပါဝင်ခဲ့သူပါ။ သူဟာ ဘာစီလိုနာအသင်းမှာ ၂၀၀၂ ကနေ ၂၀၁၄ အထိကစားခဲ့ပြီး လာလီဂါဖလား ခြောက်ကြိမ် ၊ချန်ပီယံလိဂ်သုံးကြိမ်နဲ့ စပိန်ဘုရင့်ဖလား နှစ်ကြိမ် ရရှိခဲ့တဲ့ ပုံရိပ်ကြီး ဂိုးသမားတစ်ယောက်လည်း ဖြစ်ပါတယ်

No comments:

Post a Comment