Friday, October 16, 2015

အဲဗာတန်နှင့်ပွဲတွင်မန်ယူကစားသမားရှဝိန်းစတိုင်ဂါပြနလည်ပါဝင်နိုင်မည်


 ယနေ့ညပိုင်း အဲဗာတန်နှင့် ကစားမည့်ပွဲတွင် မန်ယူ၌တိုက်စစ်မှူး ရွန်းနီနှင့် ကွင်းလယ် လူ ရှဝိန်းစတိုင်ဂါတို့မှာ ကြံ့ခိုင်မှုပြည့်ဝသဖြင့် ပါဝင်နိုင်မည်ဖြစ် ကြောင်း နည်းပြ ဗန်ဂါးလ်က အတည်ပြုလိုက်သည်။

မန်ယူမှ ရွန်းနေနှင့် ကာရစ်တို့မှာ ပြီးခဲ့သည့် အင်္ဂလန်လက်ရွေးစင်အသင်း၏ ယူရိုခြေစစ်ပွဲ တွင် မပါဝင်ခဲ့သလို ရှဝိန်းစတိုင်ဂါမှာလည်း ဂျာမနီနှင့် နှစ်ပွဲလွဲခဲ့ပြီး အနားယူနေခဲ့ရခြင်းဖြစ်သည်။

လက်ရှိတွင် မန်ယူ၌ မာကို ရိုဂျိုနှင့် ဟာရီရာတို့မှာလည်း ဗန်ဂါးလ်အနေဖြင့် ၎င်းတို့ကို မိနစ်၉၀ အပြည့်ပေးကစားရန် မသေ ချာကြောင်း သိရသည်။

‘‘ရွန်းနေ ကစားနိုင်မယ်ထင်ပါတယ်။ ကာရစ်လည်း ကောင်းကောင်းကစားနိုင်မယ်   ထင်ပါ တယ်’’ဟု ဗန်ဂါးလ်က မန်ယူတီ ဗီသို့ ပြောသည်။

သို့ သော် အက်ရှ်လေယန်း၊ ဟာရီရာ၊ ရိုဂျိုတို့နှင့်ပတ်သက်၍ ဗန်ဂါးလ်က ၎င်းတို့သည် အချိန်ပြည့်ကစားနိုင်မည်မှာ မသေချာ ကြောင်း ဆိုသည်။

‘‘သူတို့ ပြန်လည်နာလန်ထ နေပြီး အားလုံးလည်း ကောင်းကောင်းမွန်မွန်ပါပဲ။ မိနစ် ၉၀ အပြည့်မဟုတ်ပေမယ့် ကစားဖို့ကြံ့ခိုင်မှုတော့ ရှိနေပါတယ်။ သေချာတော့မသိဘူးပေါ့’’ဟု ၎င်းကပြောသည်။

မန်ယူနောက်တန်းတွင် ဖီးလ်ဂျုန်းပါဝင်နိုင်ပြီး မက်နိုင်းရားမှာမူ မြောက်အိုင်ယာလန်အတွက် ကစားရင်း ဒဏ်ရာရခဲ့သည်။

—Ref:Goal
အောင်မြင့်မြတ်

No comments:

Post a Comment