Thursday, October 15, 2015

မန်ယူနှင့်ပွဲတွင် အဲဗာတန်အတွက် ဂျွန်စတုန်း ပါဝင်ရန်ရှိ

အဲဗာတန်နည်းပြ မာတီနက်ဇ်က နောက်ခံလူဂျွန်စတုန်း အနေဖြင့် လာမည့် မန်ယူအသင်းနှင့် အိမ်ကွင်းပွဲစဉ်တွင် အသင်းအတွက် ပြန်လည်ပါဝင်ရန် ရှိလာနိုင်သည်ဟု ဆိုခဲ့သည်။

ယင်းကစားသမားသည် ဒူးဒဏ်ရာပြဿနာကြောင့် အင်္ဂလန်အသင်း၏ ခြေစစ်ပွဲစဉ်များကို လွဲချော်ခဲ့ရသူလည်း ဖြစ်သည်။

မာတီနက်ဇ်က "ကျွန်တော့်အထင်ကတော့ သူပါဝင်ဖို့ အသင့်ရှိနေမှာပါ။ သူနဲ့ပတ်သတ်ပြီး လာမယ့်သောကြာနေ့ဆိုရင် အကောင်းဆုံး စဉ်းစားနိုင်မှာ ဖြစ်သလို ဆေးမှတ်တမ်းအရ ပါဝင်ဖို့ အသင့်ရှိနေပါတယ်" ဟု ဖွင့်ဟခဲ့သည်

No comments:

Post a Comment