မန်စီးတီးနဲ့ အင်္ဂလန်အသင်းအတွက် အနာဂတ် မျိုးဆက်သစ် ကစားသမားလေး Sterling ဟာ မူးယစ်ဆေးဝါးကို နှစ်နှစ်ခြိုက်ခြိုက် သုံးစွဲနေတယ်လို့ သံသယရှိရတဲ့ သတင်းတွေက ဆက်တိုက်ဆိုသလို ထွက်ပေါ်နေပါတယ်။
Sterling ဟာ တကယ်ပဲ မူးယစ်ဆေးဝါး သုံးနေတာလားဆိုတာ ဒီလိုသတင်းတွေကနေ အခြေခံ ထွက်ပေါ်လာတာပါ။
ပြီးခဲ့တဲ့အပတ်က Sterling ရဲ့ ပေါင် ၁၂၅၀၀၀ တန်ဖိုးရှိတဲ့ မာစီးဒီးကားဟာ လန်ဒန်မြို့မှာ မတော်တဆမှု ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီကားမှာ ပါဝင်တဲ့ အသက်ကယ် လေအိတ်နှစ်လုံးလုံးက မတော်တဆမှုဖြစ်ပြီးတဲ့ အချိန်မှာ ပွင့်လျက်သားဖြစ်နေခဲ့တာပါ။
ဒါကြောင့် တာဝန်ရှိသူတွေက ကားကို ဆက်လက်စစ်ဆေးမှုတွေ ပြုလုပ်တဲ့ အချိန်မှာတော့ laughing gas လို့ခေါ်တဲ့ Nitrous oxide ဓာတ်ငွေ့တွေ ဖြည့်ထားတဲ့ ဂတ်စ်အိုးနှစ်လုံးကို ရှေ့ခန်း ထိုင်ခုံရဲ့ အောက်ဘက်မှာ တွေ့လိုက်ရတာပါ။ Nitrous oxide ဟာ တရားမဝင် မူးယစ်ဓာတ်ငွေ့တစ်မျိုး ဖြစ်ပါတယ်။
ဒါပေမယ့် Sterling ရဲ့ အေးဂျင့်ဖြစ်သူကတော့ " Raheem ဟာ မတော်တဆမှုဖြစ်ပွားချိန်မှာ မန်ချက်စတာမြို့ကို အသင်းလေ့ကျင့်ခန်း အစီအစဉ်တွေအတွက် ရောက်ရှိနေတာပါ။ သူ့ရဲ့ သူငယ်ချင်းဖြစ်သူကို ကားကို ခဏပေးထားခဲ့တာပါလို့" ငြင်းဆိုထားပါတယ်။
အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ Sterling ဟာ လီဗာပူးလ်ကနေ မန်စီးတီးကို ပေါင် ၄၉ သန်းဆိုတဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိခဲ့တာပါ။
သူဟာ လီဗာပူးလ်မှာ ကစားခဲ့တုန်းကလည်း မူးယစ်ဆေးတွေမသုံးဖို့ Rodgers ရဲ့ သတိပေးမှုကို ခံခဲ့ရပါသေးတယ်။ Sterling ဟာ ပြီးခဲ့တဲ့ တစ်ပတ်ကျော်ကလည်း shisha ပိုက်တွေကို ရှူရှိုက်နေတဲ့ ဓာတ်ပုံတွေကြောင့် လူပြောများခဲ့ပါသေးတယ်။
Nitrous oxide ကတော့လူ့စိတ်ကို ပျော်ရွှင်မှုတွေ ပေးနိုင်တာကြောင့် စိတ်ကျရောဂါသည်တွေ အတွက်သာ ဆေးအဖြစ်သုံးစွဲခွင့် ပေးထားပြီး သာမန်လူတွေ အတွက်တော့ အများဆုံး ၂ ပေါင်ဖိုးသာ ဝယ်လို့ရတယ်လို့ သိရပါတယ်။
Shisha ကတော့ တစ်ပိုက်ကို ဆေးလိပ် အလိပ်၂၀၀ လောက်သောက်တာနဲ့ ညီပြီး အားကစားသမားတွေအတွက် မလုပ်သင့်တဲ့ အပြုအမူတွေထဲမှာ ထိပ်ဆုံးက ပါဝင်လျက်ရှိပါတယ်။
ဒါကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုကို ရရှိထားတဲ့ Sterling ကတော့ ဆယ်ကျော်သက်အဆိုတော် Justin Bieber လို တလွဲဆံပင်ကောင်း မဖြစ်စေဖို့ အင်္ဂလန်ပရိသတ်တွေက မျှော်လင့်လျက်ရှိပါတယ်။
အောင်မြင့်မြတ်
Credit : Thithtoolwin
No comments:
Post a Comment