Friday, October 16, 2015

ကစားသမားဘဝရဲ့ အဆိုးဆုံးအချိန်ကို ရောက်နေတဲ့ Bony

မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူး Bony ဟာ သူ့ရဲ့ ကစားသမားဘဝမှာ အဆိုးဆုံးအချိန်ကို ရောက်နေပေမယ့် ဒဏ်ရာရနေတဲ့ တိုက်စစ်မှူး Aguero ရဲ့ နေရာကို အစားထိုးနိုင်မယ်လို့ ပြောလိုက်တာပါ။

အာဂျင်တီးနား တိုက်စစ်မှူး Aguero ဟာ ယခုရာသီ ပရီးမီးယားလိဂ် ရှစ်ပွဲမှာ ခြောက်ဂိုးအထိ သွင်းယူပေးထားနိုင်ပြီး  တံကောက်ကြော ဒဏ်ရာကြောင့် တစ်လလောက် အနားယူရတော့မှာပါ။

ဒါကြောင့် အိုင်ဗရီကို့စ်နိုင်ငံသား တိုက်စစ်မှူး Bony က Aguero မရှိတဲ့အချိန်မှာ အကောင်းဆုံးခြေစွမ်းနဲ့ တိုက်စစ်ကို အားဖြည့်ပေးနိုင်မယ်လို့ ယုံကြည်နေတာပါ။

Bony ဟာ ဆွမ်ဆီးအသင်းကနေ မန်စီးတီးအသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၂၈ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ၁၉ ပွဲမှာ ၂ဂိုးပဲ သွင်းထားနိုင်ပြီး ရှစ်ပွဲမှာ ခြောက်ဂိုးသွင်းထားတဲ့ Aguero နဲ့ ယှဉ်ရင်တော့ အတော်လေးကို ကွာဟချက် ကြီးမားနေတာလည်း  ဖြစ်ပါတယ်။

ဒါကြောင့်  တံကောက်ကြော ဒဏ်ရာရနေတဲ့ Aguero ရဲ့ နေရာမှာ Bony ကို ပြန်လည် အသုံးပြုမှာဖြစ်ပြီး လာမယ့် ဘုန်းမောက်အသင်းနဲ့  ပွဲစဉ်မှာ ပါဝင်လာမှာပါ။ ဒါကြောင့် ပွဲထွက်ခွင့်ပြန်ရတဲ့ အချိန်မှာ ဂိုးတွေပြန်သွင်းနိုင်ဖို့ Bony က တာဆူနေတာပါ။

စပါးအသင်းနဲ့ပွဲမှာ No.10 role မှာကစားခဲ့တဲ့  Yaya Toure  ကလည်း  ဒဏ်ရာပြဿနာတွေရှိနေပြီး အခြားအားထားရတဲ့ ကွင်းလယ်လူ Silva ကလည်း  ဒဏ်ရာရရှိသွားတာကြောင့် လူစာရင်းအတွက် အပြောင်းအလဲတွေ များနေရတာပါ။

ဒါေ့ကြာင့် လာမယ့် ဘုန်းမောက်အသင်းနဲ့ ပွဲစဉ်မှာ  De Bruyne ကို No.10 role နေရာကို ဝင်ကစားခိုင်းဖို့ရှိပြီး ကွင်းလယ်အထိုင်နေရာ မှာတော့ နိုင်ငံတကာပွဲတွေကြောင့် ပွဲပန်းနေတဲ့ Fernandinho နဲ့ Fernando တို့ရဲ့ ဘရာဇီးအတွဲအဖက်ကို အထိုင်ချသွားမှာပါ။

တောင်ပံနေရာမှာတော့ De Bruyne က အလယ်ဝင်သွားလို့ Navas ကို  ပွဲထုတ်ကစားမယ်လို့ သိရပါတယ်။

No comments:

Post a Comment