Thursday, October 22, 2015

ပီအက်စ်ဂျီနှင့် ချန်ပီယံလိဂ်ပွဲ မတိုင်မီ ဂါရတ်ဘေးလ် ဒဏ်ရာရ

ပီအက်စ်ဂျီနှင့် ချန်ပီ ယံလိဂ်ပွဲမတိုင်မီ ဂါရတ်ဘေးလ် ဒဏ်ရာရရှိနေ၍ ရီးရဲလ်အသင်းအတွက် ဒဏ်ရာပြဿနာများ ကြီးမားလာသည်။

ဗုဒ္ဓဟူးညပွဲတွင် ဘေးလ် ပါဝင်ကစားနိုင်မည်လား ဆိုသည်မှာ ကစားသမား၏ ဒဏ်ရာသက်သာလာမှု အပေါ် မူတည်သည်ဟု ရီးရဲလ်မက်ဒရစ် အသင်းက ပြောကြားသည်။

စနေနေ့က လီဗန်တေးကို ၃-၀ ဂိုးဖြင့် နိုင်ခဲ့သော လာလီဂါပွဲစဉ်တွင် ပထမပိုင်းပြီးချိန်၌ ကြွက်သားဒဏ်ရာ ရရှိခဲ့သည့် ဘေးလ်အား လူစားလဲခဲ့ ရသည်။

ဂျိမ်းစ်ရိုဒရီဂွက်ဇ်နှင့် ဒါနီကာဗာဂျယ်တို့ ပါဝင်မည် မဟုတ်သော ရီးရဲလ်တွင် ဘန်ဇီးမား၊ ရာမို့စ်နှင့် ပီပီတို့ ပါဝင်ရန်လည်း မသေချာပေ။

လူကာမိုဒရစ်မှာမူ တနင်္လာနေ့က လေ့ကျင့်ခန်းဆင်းခဲ့၍ ပီ အက်စ်ဂျီနှင့် ပွဲတွင် ပါဝင်ကောင်း ပါဝင်နိုင်သည်။
ရီးရဲလ်နှင့် ပီအက်စ်ဂျီတို့ သည် ချန်ပီယံလိဂ်အုပ်စု (A) တွင် ခြောက်မှတ်စီဖြင့် ဦးဆောင်ထားသည်။

မန်စီးတီးအသင်းတွင်လည်း ဆေးလ်ဗား၊ အဂူရို၊ ကိုလာရော့ဗ်၊ ဖာဖီယန်ဒပ်ဖ်၊ ကလစ်ချီ၊ နာဆရီတို့ ပါဝင်ကစားနိုင်မည် မဟုတ်ပေ

No comments:

Post a Comment