Thursday, October 29, 2015

မတ္တရာမြို့နယ် ဖိတ်ခေါ် ဘော်လီဘောပြိုင်ပွဲတွင် ကာကွယ်ရေး(က)အသင်း ဗိုလ်စွဲ

 ပထမဆုကျပ်ဆယ်သိန်း ချီးမြှင့်သည့် မန္တလေးတိုင်းဒေသ ကြီး မတ္တရာမြို့နယ် ပဉ္စမအကြိမ် ဖိတ်ခေါ်အမျိုးသားဘော်လီဘော  ပြိုင်ပွဲတွင် ကာကွယ်ရေး (က) အသင်းက ဗိုလ်စွဲခဲ့ကြောင်း သတင်းရရှိသည်။


မတ္တရာမြို့ မြို့ထောင့်ရွှေဂူ မြတ်စွာဘုရားပွဲတော်တွင် ထည့် သွင်းကျင်းပခဲ့သည့် အဆိုပါ ဖိတ် ခေါ် ဘော်လီဘောပြိုင်ပွဲကို အောက်တိုဘာ ၂၀ ရက်မှ ၂၅ ရက်အထိ ဗာဂျီးနီးယားကွင်း၌ ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်ဆယ်သင်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ဗိုလ်လုပွဲတွင် ကာကွယ်ရေး အသင်း(က)က မြန်မာလူငယ် လက်ရွေးစင်အသင်းကို သုံးပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ဆုကြေးအဖြစ် ပထမဆု ကျပ်ဆယ်သိန်း၊ ဒုတိယရရှိသည့် မြန်မာလူငယ်လက်ရွေး စင်အသင်းအား ကျပ်ခုနစ်သိန်း၊ တတိယရရှိသည့် မတ္တရာလူငယ်အသင်းအား ကျပ်ငါးသိန်းနှင့် စတုတ္ထရရှိသည့် ရှမ်း(တောင်)အသင်းအား ကျပ်သုံးသိန်း ချီးမြှင့်ခဲ့သည်။

အဆိုပါ ဖိတ်ခေါ်ဘော်လီ ဘောပြိုင်ပွဲတွင် ကာကွယ်ရေးဝန် ကြီးဌာန(က)နှင့်(ခ)၊ ပြည်ထဲရေး ၀န်ကြီးဌာန၊ မြန်မာလူငယ်လက် ရွေးစင်၊ ရှမ်းလူငယ်၊ ကျောက် ဆည်လူငယ်၊ တပ်မတော်(ရေ)၊ အား/ကာသိပ္ပံ(မန္တလေး)၊ ရှမ်း (တောင်)နှင့် မတ္တရာလူငယ်အ သင်းတို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြ သည်။ ဘော်လီဘောအားကစား နည်းကို လူငယ်များ စိတ်ဝင်စား လာပြီး လက်ရွေးစင်ကစားသမား များ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ ဖိတ်ခေါ်ဘော်လီဘောပြိုင်ပွဲကို နှစ်စဉ်ကျင်းပရန် စီစဉ်ထား ကြောင်း သတင်းရရှိသည်
AMM

No comments:

Post a Comment