Wednesday, October 14, 2015

PSGအသင်းကနာမည်ကျော်နည်းပြသုံးဦးအားပစ်မှတ်ထားသဘောကျနေ

ပင်သစ်သတင်းတွေရဲ့ ဖော်ပြချက်အရ PSG နည်းပြ Blanc ဟာ PSG အသင်းကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို အရောက်မပို့ပေးနိုင်ရင် နည်းပြရာထူးက ထုတ်ပယ်ခံရနိုင်တယ်လို့ သိရပါတယ်။ PSG အသင်းဟာ အခုလောလောဆယ်မှာတော့ အုပ်စု (က) ရဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာပါ။

ဒီမန်ယူနောက်ခံလူဟောင်း နည်းပြရဲ့ အနာဂတ်ကတော့ ကမ္ဘာ့အကောင်းဆုံး နည်းပြသုံးယောက်ကို ခေါ်ယူနိုင်မယ့် အခွင့်အရေးပေါ်မှာ မူတည်နေပါတယ်။ ဒါကြောင့် Blanc ဟာ သူ့ရဲ့ တာဝန်ဖြစ်တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို အရောက်မပို့ပေးနိုင်ရင်လည်း နည်းပြသစ် ခေါ်ယူနိုင်မှု ရှိ ၊ မရှိပေါ်မှာ သူ့ရဲ့အနာဂတ်က မူတည်နေတာပဲ ဖြစ်ပါတယ်။

သူတို့ပစ်မှတ်ထားနေတဲ့ နည်းပြသုံးယောက်ကတော့ ချယ်လ်ဆီးနည်းပြ Mourinho ,အာဆင်နယ်ရဲ့ သက်တော်ရှည်နည်းပြ Arsene Wenger နဲ့ ဘိုင်ယန်မြူးနစ်နည်းပြ Guardiola တို့ပါ။

ချယ်လ်ဆီးနည်းပြ Mourinho ကတော့ ချယ်လ်ဆီးအသင်းကို အံ့အားသင့်ဖွယ် ရလဒ်တွေနဲ့ ပရီးမီးယားလိဂ်မှာ တာထွက်မလှဖြစ်နေတဲ့ နည်းပြပါ။ သူ့ကိုတော့ အဓိက ပစ်မှတ်ထားနေတာဖြစ်ပြီး ခေါ်ယူနိုင်ဖို့ မျက်ခြေမပြတ် စောင့်ကြည့်မှုတွေ ပြုလုပ်နေတာပါ။

နောက်တစ်ယောက်ကတော့ အာဆင်နယ်နည်းပြ Wenger ပါ။ သူကတော့ အသင်းကို စော်ဘွား Nasser Al-Khelaifi  ပိုင်ဆိုင်ပြီး ၂၀၁၂ ၊ ၂၀၁၃ ၊ ၂၀၁၅ တို့မှာ သုံးကြိမ်တိုင်တိုင် နည်းပြလုပ်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် သုံးကြိမ်စလုံး ပယ်ချပြီး အမ်းမရိတ်မှာပဲ ပျော်မွေ့နေတာပါ။

နောက်ထပ်နည်းပြအဖြစ် ဘာဗေးရီးယန်းတို့နဲ့ ၂၀၁၆ မှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် Guardiola ကိုလည်း စောင့်ကြည့်နေတဲ့ အနေအထားမှာတော့ ရှိနေတာပါ။ Guardiola  ကိုယ်တိုင်ကတော့ ပရီးမီးယားလိဂ်မှာ သွားရောက်နည်းပြလုပ်ဖို့သာပဲ စိတ်အားထက်သန်နေပြီး မန်စီးတီးအသင်းနဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေတာပါ။

ဒါပေမယ့် သူ့ကိုတော့ ဥရောပ အသင်းကြီးအများစုက သူ့ထက်ငါ အပြိုင်ခေါ်ယူဖို့ စိတ်အား ထက်သန်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် PSG အနေနဲ့ မျှော်မှန်းထားတဲ့ နည်းပြတွေထဲက ဘယ်နည်းပြကို အရခေါ်သွားမလဲဆိုတာ လာမယ့်ရာသီမှာ စောင့်ကြည့်ရတော့မှာပါ

No comments:

Post a Comment