Friday, October 16, 2015
ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးဆုများကိုမာရှဲနှင့်ပိုချက်တီနိုရရှိ
ပရီးမီးယားလိဂ်၏ စက် တင်ဘာအတွက် အကောင်းဆုံး ကစားသမားဆုနှင့် အကောင်းဆုံး နည်းပြဆုတို့ကို မန်ယူတိုက်စစ် မှူး အန်တိုနီမာရှယ်နှင့် စပါးအ သင်းနည်းပြ မော်ရီစီယိုပိုချက်တီ နိုတို့ အသီးသီး ရရှိသွားသည်။
မာရှယ် (၁၉) နှစ်သည် မို နာကိုအသင်းမှ ပေါင် ၃၆ သန်း ဖြင့် မန်ယူသို့ အပြောင်းအရွှေ့ ဈေးကွက် နောက်ဆုံးရက်တွင် ရောက်လာခဲ့ပြီး ပြီးခဲ့သည့်လက ပရီးမီးယားလိဂ်ဂိုး သုံးဂိုးသွင်းယူ နိုင်ခဲ့သည်။
စပါးအသင်းသည် ဇယား ထိပ်ဆုံးမှ မန်စီးတီးကို ၄-၁ ဂိုး ဖြင့် အနိုင်ရသည့်ပွဲ အပါအ ၀င် စက်တင်ဘာ ပရီးမီးယားလိဂ် ပွဲစဉ် သုံးပွဲစလုံးကို အနိုင်ရခဲ့ သည်။
ပိုချက်တီနိုသည် ဆောက် သမ်တန်အသင်းကို ကိုင်တွယ်စဉ် ၂၀၁၃ ဇန်န၀ါရီက တစ်လတာ အကောင်းဆုံးနည်းပြဆု ရရှိခဲ့ပြီး ယခုစပါးသို့ ပြောင်းလာပြီးနောက် ပထမဆုံးအကြိမ် ရရှိခြင်းဖြစ် သည်။
ယင်းဆုမှာ စပါးအသင်း တွင် လူတိုင်း၏ ကြိုးပမ်းမှုများအ တွက် အသိအမှတ်ပြုခံရခြင်း ဖြစ် သည်ဟု ပိုချက်တီနိုက ပြော သည်။ —Ref: Reuter
အောင်မြင့်မြတ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment