ယနေ့ည ဂီတာဖေးနှင့်အဝေးကွင်းပွဲတွင် ဘာစီလိုနာ၏ အရေးပါသည့် ကွင်းလယ်လူ အင်နီယေစတာ ပြန်လည် ပါဝင်နိုင်မည်ဖြစ်သည်။
အင်နီယေစတာသည် ပြီးခဲ့သည့် စက်တင်ဘာက လေဗာကူဆင်နှင့် ချန်ပီယံလိဂ်ပွဲတွင် ဒဏ်ရာရခဲ့ပြီးနောက် တောက်လျှောက်နားနေခဲ့ရခြင်းဖြစ်ပြီး ယနေ့ညအရေးကြီးသည့် ဂီတာဖေးနှင့်ပွဲတွင် ကြံ့ခိုင်မှုပြည့်ဝလာ၍ ပြန်လည်ပါဝင်နိုင်ခြင်း ဖြစ်သည်။ ဘာစီလိုနာသည် ယနေ့ညပွဲတွင် ကွင်းလယ်လူတစ်ဦးဖြစ်သည့် ဆာဂျီရောဘတ်ကိုလည်း ထည့်သွင်းမည်ဖြစ်သည်။ ဘာစီလိုနာသည် လာလီဂါကိုးပွဲကစား ပြီးနောက် ရီးရဲလ်နှင့်ရမှတ် ၂၁ မှတ်ချင်းတူသော်လည်း ဂိုးကွာ ခြားချက်ဖြင့် ဒုတိယဖြစ်နေသည်။
နည်းပြ လူးဝစ်အင်းနရစ်ကလည်း ၎င်းတို့သည် လက်ရှိ၌ ဒဏ်ရာကြောင့် နားနေသည့်အသင်း၏ အဓိကလူ မက်ဆီကိုလာမည့် နိုဝင်ဘာ ၂၁ ရက် ရီးရဲလ်နှင့်ပွဲတွင် ပြန်ထုတ်သုံးနိုင်ရန် အလောတကြီး လုပ်ဆောင်မည်မဟုတ်ကြောင်းဆိုသည်။ —Ref:Goa
No comments:
Post a Comment