ဒူးဒဏ်ရာကြောင့် ကာလကြာရှည် အနားယူခဲ့ရသော အာဆင်နယ်တိုက်စစ်မှုး ၀ဲလ်ဘတ်သည် လာမည့် ဇန်န၀ါရီတွင် ပြန်လည်ကစားနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။
မန်ယူကစားသမားဟောင်း ၀ဲလ်ဘတ်သည် ပြီးခဲ့သည့် စက်တင်ဘာလ ကတည်းက ဒူးဒဏ်ရာ ခွဲစိတ်ကုသမှုကြောင့် အနားယူရခြင်းဖြစ်သည်။
ဝဲလ်ဘတ်က ပြန်ကစားနိုင်မည့် ရက်ကို သိရှိရန် ခက်ခဲသော်လည်း ဇန်န၀ါရီတွင် ပြန်ကစားနိုင်ရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့သည်။
ဝဲလ်ဘတ်အနေနှင့် ပြန်ကစားရန် ရည်မှန်းထားကြောင်း ၊ မိမိ ဒဏ်ရာအခြေအနေသည် အလွန်ဆိုးရွားခဲ့ကြောင်း ၊ ခွဲစိတ်ပြီးနောက် ရုန်းကန်ခဲ့ရပြီး တစ်နေ့ကို ခြောက်နာရီ လေ့ကျင့်ရေးများ လုပ်နေရကြောင်း သို့သော်လည်း ပြန်ကစားနိုင်မည့်ရက် တဖြည်းဖြည်း နီးလာပြီဟု ထင်မိကြောင်း ပြောကြားခဲ့သည်။
ဝဲလ်ဘတ်သည် အာဆင်နယ်အသင်းအား ၂၀၀၄ နောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ချန်ပီယံဆုဖလား ရယူပေးရန် စိတ်အားထက်သန်နေကြောင်း သိရသည်
No comments:
Post a Comment