၂၀၁၇ မလေးရှားဆီးဂိမ်းပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် ထိုင်း ဖူဆယ်လိဂ် ပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင် ဖူဆယ် အမျိုးသားအသင်း ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိရေး ကြိုးပမ်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သတင်းရရှိသည်။
ထိုင်းနိုင်ငံ၏ ဖူဆယ်အဆင့်အတန်းသည် အာရှအဆင့်၌သာမက ကမ္ဘာ့အဆင့်အထိပါ ယှဉ်ပြိုင်ခွင့် ရရှိနေပြီဖြစ်၍ မြန်မာဖူဆယ် အသင်းကို အတွေ့အကြုံကောင်း များရရှိစေရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။
‘‘ထိုင်းဖူဆယ်လိဂ်မှာ ယှဉ်ပြိုင်နိုင်ဖို့ ထိုင်းဘောလုံးအဖွဲ့ချုပ်ကို တောင်းဆိုထားပါတယ်။ လိဂ်မှာ ဝင်ပြိုင်ခွင့်ရခဲ့ရင် မြန်မာဖူဆယ် အသင်းအတွက် အတွေ့အကြုံကောင်းတွေ ရရှိလာမှာပါ။ လိဂ်မှာ ဝင်ပြိုင်ခွင့် မရခဲ့လည်း မလေးရှားဆီးဂိမ်း မတိုင်မီ ငါးလခန့် ထိုင်းမှာ ပူးပေါင်းလေ့ကျင့်မှုတွေ သွားရောက်ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်’’ဟု ဦးကိုကိုသိန်းက ပြောသည်။
၂၀၁၅ ထိုင်းဖူဆယ်လိဂ်တွင် ပြိုင်ပွဲဝင် စုစုပေါင်း ၁၄ သင်း ယှဉ်ပြိုင်ခဲ့ပြီး ချောင်ဘူရီ ဖူဆယ်အသင်းက ရမှတ် ၇၂ မှတ်ဖြင့် ဗိုလ်စွဲခဲ့သည်။ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း၏ လေ့ကျင့်ရေး အစီအစဉ်များကို အာဆီယံဖူဆယ် ချန်ပီယံရှစ် ပြိုင်ပွဲပြီးကတည်းက ရပ်နားထားကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၈ ရက်မှ ၁၆ ရက်အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပခဲ့သည့် ၂၀၁၅ အာဆီယံ ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲတွင် ထိုင်းအသင်းက ဗိုလ်စွဲခဲ့သည်။ ယင်းပြိုင်ပွဲသည် (၁၂) ကြိမ်မြောက်ကျင်းပသည့် ပြိုင်ပွဲဖြစ်ပြီး ထိုင်းဖူဆယ်အသင်းက (၁၁)ကြိမ် မြောက်ဗိုလ်စွဲခြင်း ဖြစ်သည်။
အာဆီယံ ဖူဆယ်ပြိုင်ပွဲတွင် မြန်မာအသင်းသည် စတင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ၂၀၀၆ တွင် တတိယရရှိခဲ့ပြီး နောက်ပိုင်းနှစ်များ၌ အုပ်စုအဆင့်မှ ကျော်လွန်နိုင်ခြင်း မရှိခဲ့ပေ
No comments:
Post a Comment