Monday, October 19, 2015

ယခုရာသီတွင် ဥရောပလိဂ်များ၌ ဘာစီလိုနာ ပင်နယ်တီအများဆုံးရ

ဘာစီလိုနာ အသင်းသည် ယခုရာသီတွင် ထိပ်သီး လိဂ်များရှိသည့် နိုင်ငံများဖြစ်သော စပိန်၊ အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီတို့မှ မည်သည့် အသင်းထက်မဆို ပင်နယ်တီအများဆုံး ရရှိသည့် အသင်းအဖြစ် ဦးဆောင်နေကြောင်း အေအက်စ်မီဒီယာက ဖော်ပြသည်။

ဘာစီလိုနာသည် စနေညပိုင်း ဗယ်လီကာနိုနှင့် ပွဲတွင် ပင်နယ်တီနှစ်လုံး ရခဲ့ရာ ယခုရာသီလိဂ်ပွဲ ရှစ်ပွဲ၌ ပင်နယ်တီရရှိမှု ခုနစ်လုံးအထိ ရှိလာခြင်းဖြစ်သည်။
ထို့ပြင် စပိန်လာလီဂါ၌ ယခုနှစ်အတွင်း ကစားသည့်လိဂ်ပွဲ ၇၂ ပွဲတွင် ပင်နယ်တီ ၁၉ လုံး ပေးထားရာ ဘာစီလိုနာက ခုနစ်လုံး ရသဖြင့် ၃၉ ရာခိုင်နှုန်း ရထားခြင်း ဖြစ်သည်။

ဘာကာနှင့်ယှဉ်လျှင် ရီးရဲလ်မက်ဒရစ်သည် ယခုရာသီတွင် ပင်နယ်တီ တစ်လုံးသာ ရထားပြီး ယင်းမှာ အက်စပန်ညိုနှင့်ပွဲ၌ ရော်နယ်ဒိုက သွင်းယူပေးခဲ့သည်။
အက်သလက်တီကိုက ရီးရဲလ်နှင့် မက်ဒရစ်ဒါဘီပွဲတွင် ပင်နယ်တီရသော်လည်း ဂရစ်ဇ်မန်းသွင်းရာ ရီးရဲလ်ဂိုးသမား ကေလာနားဗတ်စ်က ကာကွယ်နိုင်ခဲ့သည်

No comments:

Post a Comment