ဘရာဇီးတိုက်စစ်မှူး နေမာ၏ ၂၀၁၃ က ဆန်းတို့စ်အသင်းမှ ဘာစီလိုနာ အသင်းသို့ ပြောင်းရွှေ့မှုကို စတင်စုံစမ်း စစ်ဆေးနေကြောင်း ဖီဖာက ကြေညာသည်။
ယင်းသဘောတူညီမှုမှ မမျှတသော နစ်နာကြေး ရရှိခဲ့သည် ဟု ဘရာဇီးကလပ် ဆန်းတို့စ်က ယုံကြည်ထားပြီး ခန့်မှန်းခြေ ပြောင်းရွှေ့ကြေး ယူရို ၈၃ ဒသမ ၄ သန်းမှ ယူရို ၁၇ ဒသမ ၁ သန်းသာ ရရှိခဲ့သည်။
နေမာနှင့် ဘာစီလိုနာ အသင်းတို့နှင့် ပတ်သက်၍ ဆန်းတို့စ်အသင်းထံမှ တိုင်ကြားချက်တစ်ခု လက်ခံရရှိထားသည်ဟု ဖီဖာက ရိုက်တာ သတင်းဌာနသို့ ပြောကြားသည်။
ယင်းကိစ္စကို လောလောဆယ် ဆိုင်းငံ့ထားပြီး စုံစမ်းစစ်ဆေးနေသည်ဟု ဖီဖာက ပြောသည်။
နေမာ၏ အသင်းပြောင်းရွှေ့မှုအတွက် အခွန်လိမ်လည်မှု ရှိ၊ မရှိ ဆုံးဖြတ်နိုင်ရေး နေမာအတွက် ဘာကာက ဆန်းတို့စ်အသင်းကို ပေးခဲ့သည့် ငွေပမာဏ အတိအကျကို သိရှိနိုင်ရန် စုံစမ်းစစ်ဆေးနေကြောင်း စပိန်အား ကစားသတင်းဌာန Marca က ဖော်ပြသည်
No comments:
Post a Comment