Thursday, October 15, 2015

ရွန်းနီအားပွဲထွက်လူစာရင်းမှဖယ်ရှားရန်မန်ယူပရိတ်သတ်များဆန္ဒပြု

မန်ယူတိုက်စစ်မှုး ရွန်းနီသည် ယခုနှစ်ရာသီတွင် ပုံမှန်ခြေစွမ်းပြသနိုင်ခြင်း မရှိဘဲ ဂိုးပေါက် ပျောက်ဆုံးလျက်ရှိရာ ၄င်းအား ပွဲထွက်လူစာရင်းတွင် ဆက်လက် အသုံးပြုနေခြင်းအား နည်းပြဗန်ဟားလ် အနေဖြင့် ပြန်လည်စဉ်းစားရန် လိုအပ်နေပြီဖြစ်ကြောင်း ပရိသတ်အများစုက ဆန္ဒပြုခဲ့ကြသည်။

လတ်တလောအတွင်း မန်ယူပရိသတ် လေးသောင်းခွဲအား စစ်တမ်းကောက်ယူခဲ့ရာတွင် ပရိသတ်များ၏ ၄၂ ရာခိုင်နှုန်းမှာ နည်းစနစ် အပြောင်းအလဲလုပ်ရန် အလိုရှိနေကြပြီး ၆၈ ရာခိုင်နှုန်းမှာ ရွန်းနီအား ပွဲထွက်ကစားသမားအဖြစ် အသုံးပြုနေခြင်းအား ဗန်ဟားလ် စဉ်းစားသင့်နေပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ရွန်းနီသည် ယခုနှစ်ရာသီတွင် ခြေစွမ်းပြ ကစားနိုင်ခြင်းမရှိဘဲ ဂိုးသွင်းနှုန်း ကျဆင်းလျက်ရှိရာ ပရိသတ်အများစုမှာ ရွန်းနီကို ပွဲထွက်ကစားသမားအဖြစ် တိုက်စစ်တွင် အသုံးပြုရေးထက် လတ်တလော ခြေစွမ်းပြလျက်ရှိသော လူငယ်ကစားသမား မာရှယ်ကိုသာ အသုံးပြုရန်လိုလားလျက် ရှိနေကြသည်။

ရွန်းနီအား အဓိကတိုက်စစ်မှူးအဖြစ် အသုံးပြုရန် စစ်တမ်းအား ဖြေကြားခဲ့ကြသော ပရိသတ်များထဲမှ သုံးပုံ တစ်ပုံကသာ ထောက်ခံမှုပေးခဲ့ကြပြီး အများစုမှာ မိုနာကိုမှ မန်ယူသို့ ပြောင်းရွှေ့လာပြီးနောက် ဖိအားများကို ခြေဖျက်ပြီး အကောင်းဆုံး ခြေစွမ်းပြနေသော မာရှယ်ကိုသာ အသုံးပြုရန် လိုလားလျက် ရှိနေသည်။

သို့ရာတွင် ယခုကဲ့သို့ ပရိသတ်များက ဆန္ဒပြုပြောဆိုထားကြသော်လည်း မန်ယူနည်းပြဟောင်း ဖာဂူဆန်ကမူ ရွန်းနီအား အချိန်ယူစောင့်ကြည့်ရန် တိုက်တွန်းပြောကြားခဲ့သည်။

ဖာဂူဆန်က "တိုက်စစ်မှူးတွေဟာ ဂိုးသွင်းနိုင်ချိန်မှာ သူတို့ကို ရပ်တန့်လို့ မရတော့ဘူးလို့ ယုံကြည်မှုရှိလာကြသလို ဂိုးပေါက်ပျောက်ချိန်မှာတော့ ဂိုးတစ်ဂိုးပြန်ရဖို့ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူးဆိုတဲ့ စိတ်ဓာတ်ကျဆင်းမှုမျိုး ဖြစ်တတ်ပါတယ်။

ဒီလိုအခြေအနေမျိုးကို ကန်တိုနာ ၊နစ္စတယ်ရွိုင်း နဲ့ အင်ဒီကိုးလ်တို့လည်း ကြုံတွေ့ခဲ့ဖူးတာကြောင့် ကျွန်တော်ကတော့ ရွန်းနီအတွက် လုံးဝ စိုးရိမ်မှုမရှိပါဘူး။ လုံလောက်တဲ့ အချိန်ရောက်ရင် ရွန်နီအနေနှင့် ဂိုးတွေ ပြန်လည်သွင်းယူနိုင်မှာ သေချာပါတယ်" ဟုပြောကြားခဲ့သည်။

Credit : 90 Minutes
အောင်မြင့်မြတ်

No comments:

Post a Comment