နိုဝင်ဘာ ၁၂ မှ ၁၇ ရက် ထိ ကျင်းပမည့် ယူရို ၂၀၁၆ ခြေ စစ်ပွဲ ရှုံးထွက်အဆင့် နှစ်ကျော့ ပွဲစဉ်များတွင် အိုင်ယာလန်နှင့် ဘော့စနီးယားတို့ ရင်ဆိုင်ရမည် ဖြစ်သည်။
စတင်မည့်ရက်ကို အတည် မပြုသေးသော်လည်း ရင်ဆိုင် တွေ့မည့် အသင်းများစာရင်း ထွက်ပေါ်လာပြီဖြစ်သည်။
ယင်းစာရင်းကို ဆွစ်ဇာလန် နိုင်ငံ နိုင်ယွန်မြို့ရှိ ယူအီးအက်ဖ် အေဌာနချုပ်တွင် အောက်တိုဘာ ၁၈ ရက် နံနက်က မဲနှိုက်ပြီး ထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။
နည်းပြ မာတင်အိုနေးလ်၏ အိုင်ယာလန်အသင်းသည် ပြီးခဲ့ သည့် သီတင်းပတ်က အုပ်စု (D) ၏ ခြေစစ်ပွဲ နောက်ဆုံးပွဲတွင် ပိုလန်ကို အနိုင်မကစားနိုင်ခဲ့၍ ရှုံးထွက်ပွဲကစားရမည်ဖြစ်သည်။
အခြားရှုံးထွက်ပွဲများမှ တစ် ဆင့် ခြေစစ်ပွဲ အောင်မြင်ခွင့်ရ မည့် ပွဲစဉ်များမှာ ယူကရိန်းနှင့် ဆလိုဗေးနီးယား၊ ဆွီဒင်နှင့် ဒိန်း မတ်၊ ဟန်ဂေရီနှင့် နော်ဝေးပွဲစဉ် များ ဖြစ်သည်။
ယင်းအသင်းရှစ်သင်းမှ အ နိုင်ရသော အသင်းလေးသင်း သည် ပြင်သစ်နိုင်ငံတွင် ကျင်းပ မည့် ယူရို ၂၀၁၆ ပြိုင်ပွဲဝင်ခွင့် ရ မည်ဖြစ်ကာ ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်ထားသည့် အသင်း ၁၉ သင်း၊ အိမ်ရှင်ပြင်သစ်တို့နှင့် အတူ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
—Ref: Goal
အောင်မြင့်မြတ်
No comments:
Post a Comment