Thursday, October 29, 2015

လက်ရွေးစင် ယူ-၂၁ ကစားသမားအချို့ ယုံကြည်မှုလွန်ကဲနေကြောင်း နည်းပြအဲရစ်ဝီလျံပြော

ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲ အတွက် ပြင်ဆင်နေသည့် မြန်မာ့ လက်ရွေးစင် ယူ-၂၁ အသင်းမှ ကစားသမားအချို့သည် မိမိကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေကြောင်း နည်းပြချုပ် အဲရစ်ဝီလျံက ပြောကြားသည်။


လာမည့် နိုဝင်ဘာအတွင်း ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲအတွက် ကြိုတင်လေ့ကျင့်မှုများ ပြုလုပ်နေသည့် မြန်မာ ယူ-၂၁ အသင်း သည် အောက်တိုဘာ ၂၇ ရက်တွင် သုဝဏ္ဏကွင်း၌ ရန်ကုန်ယူနိုက်တက် လူငယ်အသင်းနှင့် ခြေစမ်းကစားခဲ့ရာ ၂-၁ ဂိုးဖြင့် ရှုံးနိမ့် ခဲ့သည်။

အဆိုပါခြေစမ်းပွဲကို မိနစ် ၃၀ စီ သုံးပိုင်းခွဲ၍ ကစားခဲ့ခြင်း ဖြစ်ပြီး ယူ-၂၁ အသင်းက ဦး ဆောင်ဂိုး စတင်ရရှိခဲ့သော်လည်း ရန်ကုန်အသင်းက ချေပဂိုးနှင့် အနိုင်ဂိုးများ ပြန်လည်သွင်းယူခဲ့ သည်။

 ‘‘ကျွန်တော့်ကစားသမား တွေရဲ့ ခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်း ကို စိတ်ပျက်မိပါတယ်။ ပြိုင်ဘက် ကို လေးစားမှုမရှိဘူး။ကစားသမား တချို့ကတော့ ယုံကြည်မှုလွန်ကဲ နေကြတယ်။ ဒီအချက်ကို ကျွန် တော် လုံးဝမကြိုက်ဘူး။ တချို့က တော့ ယုံကြည်မှုမရှိသေးဘူး။ ဒါ တွေကို ပြုပြင်ရဦးမှာပါ’’ဟု မြန် မာ့လက်ရွေးစင် ယူ-၂၁ နည်းပြ ချုပ် အဲရစ်ဝီလျံကပြောသည်။

ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲအ တွက် အောက်တိုဘာ ၂၆ ရက်က စတင်လေ့ကျင့်နေသည့် ပဏာမ ယူ-၂၁ အသင်းကို ယူ-၂၀ကမ္ဘာ့  ဖလားပြိုင်ပွဲဝင်အသင်းမှ ကစား သမားများ၊ ဆီးဂိမ်း ယူ-၂၃ အသင်းမှ ကစားသမားများနှင့် အာရှ ယူ-၁၉ ခြေစစ်ပွဲဝင်အသင်းမှ ကစားသမားများဖြင့် ဖွဲ့စည်းထားသည်
AMM

No comments:

Post a Comment