Thursday, October 29, 2015

ပြစ်ဒဏ်လျှော့ချ၍မာရှေယာနိုရီးယဲလ်နှင့်ပွဲပြန်လည်ကစားမည်

ဘာစီလိုနာ ကွင်း လယ်လူ မာရှေယာနိုသည် အီဘာနှင့် လာလီဂါပွဲတွင် အနီကတ်ကြောင့် လေးပွဲပယ်ပြစ်ဒဏ် ခံရသော်လည်း နှစ်ပွဲသာ ပယ်ခံရပြီးနောက် လာမည့် ရီးရဲလ်နှင့် အယ်လ်ဂလက်စီကိုပွဲ၌ ပါဝင် ကစားနိုင်မည်ဖြစ်သည်။

မာရှေယာနိုသည် အီဘာနှင့် ပွဲတွင် စည်းကြပ်ဒိုင်ကို ပြင်းထန် စွာဝေဖန်ခဲ့ပြီးနောက် လေးပွဲပယ် ပြစ်ဒဏ် ထိခဲ့သော်လည်း စပိန် ဘောလုံးအဖွဲ့ချုပ် ပြိုင်ပွဲများရေး ရာကော်မတီက နှစ်ပွဲပယ် ပြစ် ဒဏ်လျှော့ပေးလိုက်၍ ရီးရဲလ်နှင့်ပွဲ ကစားခွင့်ရသွားခြင်း ဖြစ်သည်။

ထို့ကြောင့် ၎င်းသည် လာ မည့်အပတ်ကစ၍ ဂီတာဖေးနှင့် အဝေးကွင်းပွဲ၊ ထို့နောက် ဗီလာ ရီးရဲလ်နှင့် အိမ်ကွင်းပွဲတို့ လွဲချော် မည်ဖြစ်သော်လည်း ရီးရဲလ်နှင့် နိုဝင်ဘာ ၂၁ အယ်လ်ဂလက်စီကိုပွဲကိုမူ ကစားခွင့်ရရှိမည် ဖြစ် သည်။

ကော်မတီက မာရှေယာနိုအပေါ် ပြစ်ဒဏ် လျှော့ပေးခဲ့ပြီး နောက် ၎င်းအတွက် အယူခံဝင် မည့်အစီအစဉ်ကို ဘာစီလိုနာက ပယ်ဖျက်ခဲ့သည်။          _Goal
AMM

No comments:

Post a Comment