Sunday, October 11, 2015
ဆမ်အလာဒိုက်စ်နှစ်နှစ်စာချုပ်ဖြင့်ဆန်းဒါးလန်းအသင်းနည်းပြဖြစ်လာ
ဆန်းဒါးလန်း အသင်း သည် ဝါရင့်နယ်သာလန် နည်းပြ အက်ဒ်ဗိုကတ် နုတ်ထွက်သွားခဲ့ ပြီးနောက် ဆမ်အလာဒိုက်စ်အား နည်းပြသစ်အဖြစ် နှစ်နှစ်စာချုပ် ဖြင့် ခန့်အပ်လိုက်ကြောင်း သိရ သည်။
အက်ဒ်ဗိုကတ်သည် ပြီးခဲ့ သည့်နှစ်က ရောက်လာခဲ့ပြီး ကာ လတို စာချုပ်တစ်ရပ်ဖြင့် အသင်း ပရီးမီးယားလိဂ်တွင် တင်ကျန်ရန် စွမ်းဆောင်ပေးခဲ့သော်လည်း ယ ခုရာသီအစတွင် ရှစ်ပွဲရှုံးပြီး ဇယား အောက်ခြေသို့ အသင်းရောက် ခဲ့ပြီးနောက် ပြီးခဲ့သည့် တနင်္ဂနွေ ၌ နုတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။
အလာဒိုက်စ် (၆၀) နှစ်သည် ပြီးခဲ့သည့် ရာသီက ဝက်စ်ဟမ်း ကို ကိုင်တွယ်ခဲ့သည့် နည်းပြ ဟောင်းတစ်ဦး ဖြစ်သည်။
‘‘ဒီအလုပ်ဟာ စိန်ခေါ်မှုရှိတဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ အသင်းကို တည်ငြိမ်မှုရအောင် လုပ်နိုင်မယ် မျှော်လင့်ထားပြီး လူ တိုင်းလိုချင်တဲ့ အောင်မြင်မှုရမယ် လို့လည်း ထင်ပါတယ်။ ကစား သမားတွေအပြင် ပရိသတ်တွေ ရဲ့ အကူအညီကိုလည်း ရယူပြီး ရှေ့ဆက် လုပ်ဆောင်သွားမှာပါ’’ ဟု အလာဒိုက်စ်က ပြောသည်။
အလာဒိုက်စ်သည် ဆန်းဒါး လန်း ကစားသမားအဖြစ်လည်း ၁၉၈၀ -၈၁ နှစ်များတွင် ကစားဖူး ကာ ဆန်းဒါးလန်းနှင့် ပြိုင်ဘက် နယူးကာဆယ် နှစ်သင်းစလုံးကို နည်းပြဖူးသော ပထမဆုံး ပုဂ္ဂိုလ် ဆိုသည့် စံချိန်လည်း ရရှိလာခဲ့ သည်။
7day daily
Subscribe to:
Post Comments (Atom)
No comments:
Post a Comment